• Follow Us on

Home မြို့ ၄ မြို့၌ နယ်မြေခံဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မြို့ ၄ မြို့၌ နယ်မြေခံဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်

Share this post

နေပြည်တော်၊ ဩဂုတ် ၅

 

မြစ်ကြီးနားမြို့၊ လားရှိုးမြို့၊ တန့်ယန်းမြို့နှင့် ကျိုက်မရောမြို့တို့၌ နယ်မြေခံဆေးကုသရေးအဖွဲ့က သံဃာ တော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အံတော်ရှင် တောင်တန်းသာသနာပြုကျောင်းတိုက်၌ အခြေပြု၍ ယမန်နေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော် ၅၅ ပါးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် သံဃာတော် များအားနယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ အမှတ်(၁၁)ရပ်ကွက်ရှိ အောင်မင်္ဂလာနမ့်ဆန် ကျောင်းတိုက် နှင့် တန့်ယန်းမြို့ရှိ ဝဠုဝန်ပရိယတ္တိ စာသင်တိုက်တို့မှ သံဃာတော်၂၆၉ ပါး၊ သာသနာ့ နွယ်ဝင်သီလရှင် ၅ ပါးနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၈၀ တို့ကို အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က သတ်မှတ်နေရာများ၌ မျက်စိရောဂါ၊ သွားနှင့် ခံတွင်း ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်း များ ဆောင်ရွက်ပေးခဲ့သည်။

 

ထို့ပြင် မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ မြဆည်းဆာပရိယတ္တိစာသင်တိုက် ဘိုးဘွားများ ခိုလှုံရာရိပ်သာနှင့် မိဘမဲ့ဂေဟာရှိ ဘိုးဘွား ၃၉ ဦး၊ ကလေးငယ် ၁၉ ဦးနှင့် ကျောင်းသား ကိုးဦးတို့ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါစာသင်တိုက်၌ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး အကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ ဆီးချို/သွေးချို စစ်ဆေးပေးခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေး ရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 

#Newvisionmedia


Share this post