• Follow Us on

Home မြေဆီအိတ်ခွံထဲတွင် ထုတ်ပိုးပြီး စွန့်ပစ်ထားသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

မြေဆီအိတ်ခွံထဲတွင် ထုတ်ပိုးပြီး စွန့်ပစ်ထားသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၉

 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့၊ ရူပမြောက်ချောင်းထဲ၌ မြေဆီအိတ်ခွံထဲတွင် ထုတ်ပိုးပြီး စွန့်ပစ်ထား သည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။

 

သြဂုတ်လ ၈ ရက် ညနေ ၄ နာရီခန့်တွင် စစ်တွေမြို့၊ ရူပမြောက်ချောင်းထဲတွင် အမျိုးသားတစ်ဦး ရုပ်အလောင်း တွေ့ရှိကြောင်း နယ်မြေခံရဲတပ်ဖွဲ့သို့ အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်စစ်ဆေးရာတွင် အသက် (၃၅) နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီး မြေဆီအိတ်ခွံထဲ၌ ထုတ်ပိုးပြီး စွန့်ပစ်ထား ကြောင်း သိရသည်။

 

ထိုရုပ်အလောင်းမှာ မည်သူများမှ သတ်ဖြတ်ပြီး မြေဆီအိတ်ခွံထဲသို့ ထုတ်ပိုးပြီး စွန့်ပစ်ထားသည်ကို လက်ရှိ အချိန်တွင် သိရှိရခြင်းမရှိကြောင်း၊ ရုပ်အလောင်းမှာ ပုပ်ပွပြီးပျက်စီးနေကြောင်း၊ ထိုပိုင်ရှင်မဲ့ရုပ်အလောင်းကို မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးနှင့် သွီလှူရှင်များအသင်းမှ သွားရောက်သယ် ဆောင်ခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post