• Follow Us on
Latest News

Home မြေပြင်စစ်ပွဲတစ်ရပ်ဆင်နွှဲနိုင်ဖို့ ဗြိတိန်နိုင်ငံသားတွေ ပြင်ဆင်ထားသင့်ကြောင်း ကြည်းတပ်ဗိုလ်ချုပ်ကြီးပြော

မြေပြင်စစ်ပွဲတစ်ရပ်ဆင်နွှဲနိုင်ဖို့ ဗြိတိန်နိုင်ငံသားတွေ ပြင်ဆင်ထားသင့်ကြောင်း ကြည်းတပ်ဗိုလ်ချုပ်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅

 

အနာဂတ်မှာ မြေပြင်စစ်ပွဲတစ်ရပ် ဆင်နွှဲနိုင်ဖို့ ဗြိတိန်နိုင်ငံသားတွေအနေနဲ့ အသင့်ပြင်ထားရမှာဖြစ်ကြောင်း ဗြိတိန်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးပက်ထရစ်ဆန်းဒါးစ်က ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီလ ၂၄ ရက်နေ့) က ပြော ကြားလိုက်ပါတယ်။

 

ဘယ်လိုစစ်ပွဲမျိုးမဆို တစ်နိုင်ငံလုံးအနေနဲ့ တိုက်ပွဲဝင်ရမှာဖြစ်တဲ့အတွက် နိုင်ငံသားတွေကို စစ်ပညာလေ့ကျင့် သင်ကြားပေးထားပြီး စစ်ရေးအရ အသင့်အနေအထားဖြစ်အောင် လက်နက်တပ်ဆင်ပေးထားရမှာဖြစ်ကြောင်း ကြည်းတပ်ဦးစီးချုပ်က ပြောပါတယ်။

 

၂၀၂၅ ခုနှစ်မတိုင်ခင် ဗြိတိန်တပ်မတော်ကို အင်အား ၈၂,၀၀၀ ကနေ ၇၃,၀၀၀ အထိ လျှော့ချသွားမှာဖြစ်တယ် လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့ဲတဲ့နှစ်က ပြောကြားခဲ့ပြီးနောက်မှာ အခုလိုကြည်းတပ်ဦးစီးချုပ်ရဲ့စကား ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော်တို့နိုင်ငံသားတွေ စစ်ပွဲတစ်ခုအတွက် အသင့်ဖြစ်နေအောင်ပြင်ဆင်ဖို့လိုအပ်လာတဲ့အချိန်မှာ ဆောင် ရွက်ရမယ့်အဆင့်တွေက လက်ရှိအချိန်မှာ ဆန္ဒအလျောက်ဆောင်ရွက်ရမှာမဟုတ်ဘဲ မဖြစ်မနေဆောင်ရွက်ရ မှာဖြစ်ပါတယ်။” လို့ လန်ဒန်မြို့ အနောက်တောင်ဘက်မှာကျင်းပတဲ့ သံချပ်ကာယာဉ်အခမ်းအနားတစ်ခုမှာ မိန့် ခွန်းပြောကြားစဉ် ဗိုလ်ချုပ်ကြီးဆန်းဒါးစ်က ပြောပါတယ်။

 

“လာမယ့်သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ အရန်နဲ့ မဟာဗျူဟာအရန်မှာ ဗြိတိန်ကြည်းတပ်အင်အား ၁၂၀, ၀၀၀ ဖြစ်နေဖို့ လိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဗြိတိန်နိုင်ငံအနေနဲ့ ရေတပ်နဲ့ လေတပ်ကို အားကိုးလို့မဖြစ်နိုင်တဲ့အတွက် မြေပြင်ကနေပဲ စစ်ပွဲတွေကို ရင်ဆိုင် တိုက်ခိုက်ပြီး အနိုင်ယူရမှာဖြစ်ကြောင်း အခုနှစ်နှောင်းပိုင်းမှာ ရာထူးကအနားယူတော့မယ့် ဗိုလ်ချုပ်ကြီး ဆန်း ဒါးစ်က ပြောပါတယ်။ ဗြိတိန်ရဲ့ မဟာမိတ်နိုင်ငံတွေလည်း အလားတူ စစ်ပြင်ဆင်နေပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ရုရှားရဲ့ ခြိမ်းခြောက်မှုက ပိုမိုနီးကပ်လာပြီလို့ ခံစားနေရတဲ့ ဥရောပအရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ ကျွန်တော် တို့ရဲ့ မိတ်ဆွေနိုင်ငံတွေကလည်း အမျိုးသားစစ်စည်းရုံးမှုဆောင်ရွက်ဖို့အတွက် အခြေခံအုတ်မြစ်တွေချမှတ်ပြီး နှိုင်းနှိုင်းချိန်ချိန်နဲ့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“အမြဲတမ်းစစ်တပ်တွေက စစ်ပွဲကိုစတင်ပြီးနောက် နိုင်ငံသားတွေပါဝင်လာတဲ့စစ်တပ်တွေက အဲဒီနောက်မှာ အတူလိုက်ပါလာတယ်ဆိုတာကို ယူကရိန်းနိုင်ငံက တိုက်ရိုက် ရှင်းရှင်းလင်းလင်း သူရုပ်ပြထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာရှိတဲ့ အရပ်သားတွေအနေနဲ့ အနာဂတ်ကာလမှာ ရုရှားနိုင်ငံနဲ့ စစ်မက်ဖြစ်ပွားလာရင် တိုက်ပွဲဝင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း နေတိုးအဖွဲ့ စစ်ရေးကော်မတီဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး ရော့ဘ်ဘူဝါက ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။

 

ဥရောပဒေသမှာ စစ်မီးအရှိန်မြင့်တက်လာပြီဆိုရင် အရပ်သားအများအပြားကို စစ်ထဲဆင့်ခေါ်ရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဗြိတိန်နိုင်ငံအနေနဲ့ လက်ရှိ ကာကွယ်ရေးအသုံးစရိတ် GDP ရဲ့ ၂.၁ ရာခိုင်နှုန်းကို လာမယ့်အနာဂတ်ကာလမှာ ၂.၅ ရာခိုင်နှုန်းအထိ မြှင့်တင်သွားဖို့ ဆန္ဒရှိကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်က ပြီးခဲ့တဲ့လကပြော ပါတယ်။

 

ကမ္ဘာကြီးဟာ “စစ်ပြီးခေတ်ကနေ စစ်ကြိုခေတ်” ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ် က ပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်က ထည့်သွင်း ပြောကြားသွားပါတယ်။

 

ဗြိတိန်နိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံကိုယ်ကာကွယ်ဖို့အတွက် “ကာကွယ်ရေးဂေဟစနစ်တစ်ခုလုံး” အဆင်သင့်ဖြစ် နေဖို့ တိကျသေချာအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကြည်းတပ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ရစ်ချတ် ဒန်းနက်က “လက်ရှိအခြေအနေကို နာဇီကျူးကျော်မှုကို တားဆီးကာကွယ်နိုင်ခြင်းမရှိခဲ့တဲ့ ဗြိတိန်တပ်မတော်ရဲ့ ဆိုးရွားစိတ် ပျက်စရာကောင်းလှတဲ့ ၁၉၃၀ ပြည့်လွန်နှစ်ကာလတွေနဲ့” နှိုင်းယှဉ်ပြောကြားလိုက်ပါတယ်။

 

ဗိုလ်ချုပ်ကြီးဟောင်း ရစ်ချတ်ဒန်းနက်က “အလွန်အန္တရာယ်ကြီးတဲ့ သမိုင်းတစ်ပတ်ပြန်လည်လာနေပါပြီ” လို့ The Times သတင်းစာမှာ ပြီးခဲ့တဲ့သီတင်းပတ်ကရေးသားခဲ့ပြီး ဗြိတိန်ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့ ၃.၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲဖို့ တောင်းဆိုလိုက်ပါတယ်။

 

“အနာဂတ်ကာလမှာ ရုရှား ဒါမှမဟုတ် တရုတ်နိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်လာမှုကို ကာကွယ်ဟန့်တားဖို့ ကျွန် တော်တို့တပ်မတော်က အင်အားတောင့်တင်းခိုင်မာမနေဘူးဆိုရင် ရင်ဆိုင်ရမယ့်စစ်ပွဲက စစ်ပွဲငယ်လေးတစ်ခုမ ဟုတ်ဘဲ စစ်ပွဲကြီးတစ်ပွဲ ဖြစ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Britons Should Be Prepared to Fight Land War: Army Chief

 

#PeopleMedia


Share this post