မြေပြင်ထိုးစစ်မစခင် အစ္စရေးလေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်တင်

PUBLISHED - October 23, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၃
အစ္စရေးစစ်တပ်ဟာ ၎င်းတို့ရဲ့မြေပြင်ထိုးစစ်အတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနိုင်တဲ့ ပစ်မှတ်တွေကို လေ ကြောင်းကနေ ဆက်လက် အရှိန်မြှင့်တိုက်ခိုက်သွားဖို့အတွက် ဆုံးဖြတ်ထားကြောင်း ပြောကြားလိုက်ပါတယ်။
ပါလက်စတိုင်းစစ်သွေးကြအုပ်စုဖြစ်တဲ့ ဟားမတ်စ်အဖွဲ့ကို အပြီးတိုင်ချေမှုန်းသုတ်သင်ဖို့အတွက် အစ္စရေးဟာ ဂါ ဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ကြီးတစ်ရပ်ဆင်နွှဲလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ပါလက်စတိုင်းတွေကို ဂါဇာမြောက်ပိုင်းကနေ တောင်ပိုင်းကို ရွှေ့ပြောင်းသွားကြဖို့ အစ္စရေးက သတိပေးထား ကြောင်း၊ တကယ်လို့ မရွေ့ပြောင်းဘဲ ဆက်လက်နေထိုင်နေမယ်ဆိုရင် အကြမ်းဖက်အုပ်စုကိုထောက်ခံနေသူ များအဖြစ် သတ်မှတ်သွားမှာဖြစ်တယ်လို့ အစ္စရေးက ထပ်မံသတိပေးထားကြောင်း ပါလက်စတိုင်းတွေက ပြော ပါတယ်။
တပြိုင်တည်းမှာပဲ အစ္စရေးစစ်တပ်က သိမ်းပိုက်ခံအနောက်ဘက်ကမ်းခြေမှာရှိတဲ့ ဗလီတစ်ခုက မြေအောက်ခန်း တစ်ခုကို အကြမ်းဖက်သမားတွေခိုလှုံနေတယ်ဆိုပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ရောက်ရှိလာတဲ့ လူသားချင်စာနာထောက်ထားမှုအကူအညီတွေဟာ လုံးဝလုံလောက် မှုမရှိကြောင်း နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာမှုအကူအညီတွေကို အကန့်အသတ်အတားအဆီးမရှိဘဲ ပို့ဆောင် ခွင့်ပြုဖို့ ကုလသမဂ္ဂအဖွဲ့ကြီးကတောင်းဆိုထားသလို လောင်စာဆီပြတ်လပ်နေတဲ့အတွက် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းတွေဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ရပ်တန့်သွားနိုင်ကြောင်း သတိပေးထားပါတယ်။
တနင်္ဂနွေနေ့အစောပိုင်းက ထရပ်ကား ၁၇ စီးပါတဲ့ ဒုတိယအသုတ်ယာဉ်တန်း ဂါဇာဒေသထဲကိုဝင်ရောက်သွား ကြောင်း အီဂျစ်မီဒီယာတွေမှာဖော်ပြခဲ့ပေမဲ့ မသေချာဘူးလို့လည်း ပြောနေကြပါတယ်။
ပြီးခဲ့တဲ့စနေနေ့ကတော့ လူသားချင်းစာနာမှုအကူအညီတွေတင်ဆောင်ထားတဲ့ ထရပ်ကား ၁၄ စီး ဂါဇာဒေသ ကိုဝင်ရောက်သွားကြောင်း၊ နောက်နေ့မှာ ကားအစီးရေ ၄၀ ဝင်ရောက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ထား ကြောင်း ကုလသမဂ္ဂ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ ညွှန်ကြားရေးမှူး စင်ဒီမက်ကိန်းက ပြောပါတယ်။
စနေနေ့ကတော့ စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေတင်ဆောင်ထားတဲ့ ထရပ်ကား အစီး ၂၀ စစ်ဖြစ်ပွားကတည်း က ပထမဦးဆုံးအကြိမ်အဖြစ် ဂါဇာဒေသထဲကို ဝင်ရောက်သွားပါတယ်။
တပြိုင်တည်းမှာပဲ အီရန်နိုင်ငံနဲ့ ၎င်းရဲ့ကြားခံတပ်ဖွဲ့တွေကြောင့် တင်းမာမှုတွေမြင့်တက်နေတဲ့ကြားက ဒေသ တွင်း အဟန့်အတားအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်က စစ်ရေးအကူအညီတွေ ပိုမိုပို့ဆောင် သွားမှာဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
Ref: Israel vows to step up Gaza bombardment ahead of expected ground offensive; West Bank mosque hit
#PeopleMedia