မြေပြင်သွား မောင်းသူမဲ့ယာဉ် အမြောက်အမြား ယူကရိန်းအစိုးရဝယ်ယူမည်
PUBLISHED - December 5, 2024
နိုင်ငံတကာ၊ ဒီဇင်ဘာ ၅
စစ်မြေပြင်က တပ်ဖွဲ့တွေကို ထောက်ပံ့ဖို့အတွက် လာမယ့်နှစ်မှာ မောင်းသူမဲ့ယာဉ် (UGV မောင်းသူမဲ့ မြေပြင် သွားယဉ်) အများအပြားဝယ်ယူသွားဖို့ စီစဉ်နေကြောင်း ယူကရိန်းအစိုးရက ပြောကြားလိုက်ပါတယ်။
အဲဒီမောင်းသူမဲ့ယာဉ်ငယ်လေးတွေဟာ ရုရှားတပ်တွေရဲ့ အမြောက်ကျည်တွေနဲ့ ဒရုန်းတွေကြားက စစ်ဆင်ရေး နယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို အထောက်အကူပြုသွားမှာဖြစ်ကြောင်း ယူကရိန်း တီထွင်ဖန်တီးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မီခိုင်လိုဖက်ဒိုရော့ဗ်က ပြောပါတယ်။
အဲဒီစက်ရုပ်မောင်းသူမဲ့ယာဉ်ငယ်လေးတွေကို ခဲယမ်း၊ ရိက္ခာနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ပို့ဆောင်ခြင်း၊ တိုက်ခိုက် ရေးတာဝန်တွေထမ်းဆောင်ခြင်းနဲ့ စစ်မြေပြင်က ဒဏ်ရာရ စစ်သည်တွေကို ဘေးကင်းလုံခြုံရာ ရွှေ့ပြောင်းသယ် ယူခြင်းအပါအဝင် တာဝန်အမျိုးမျိုးထမ်းဆောင်ရာမှာ အသုံးပြုသွားနိုင်တယ်လို့ ဆိုပါတယ်။
ဝယ်ယူမယ့် မောင်းသူမဲ့ယာဉ် (UGV) အမျိုးအစားကို အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ စတင်ဝယ် ယူနေပြီဖြစ်ကြောင်း ဖက်ဒိုရော့ဗ်က ပြောပါတယ်။
“အခုနှစ်မှာ မောင်းသူမဲ့ယာဉ် လေးငါးထောင် ကျွန်တော်တို့ ဝယ်ယူထားပါတယ်။ လာမယ့်နှစ်မှာတော့ မောင်း သူမဲ့ယာဉ် ၈၀,၀၀၀ ကျော် ၉၀,၀၀၀ လောက် ဝယ်ယူဖို့ လိုအပ်တယ်လို့ ယုံကြည်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။
စစ်ပွဲကာလတစ်လျှောက်လုံး တစ်ဖက်နဲ့တစ်ဖက် အနိုင်ရဖို့အတွက် ယူကရိန်းရော ရုရှားပါ ခေတ်မီနည်းဗျူဟာ တွေကို အသုံးပြုခဲ့ကြပါတယ်။
လတ်တလောကာလမှာ ရုရှားတပ်တွေ အသာစီးရနေပေမဲ့လည်း စစ်ပွဲရလဒ်ဟာ သောင်မတင်ရေမကျ မရေ ရာသေးတဲ့ အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပါတယ်။
ရုရှားနိုင်ငံက လက်နက်ကြီးတွေနဲ့ တပ်ဖွဲ့ဝင်အင်အားများပြားမှုကို အသုံးချတိုက်ခိုက်လျက်ရှိသလို ယူကရိန်းက လည်း တာဝေးပျံသန်းနိုင်တဲ့ တိုက်ခိုက်ရေးဒရုန်းတွေကိုအသုံးပြုပြီး ရုရှားနယ်မြေအတွင်းပိုင်းထဲကို အရှိန်မြှင့် တင် ထိုးဖောက်တိုက်ခိုက်ခဲ့ပါတယ်။
တပ်ဖွဲ့ဝင်ကျဆုံးမှုကို လျှော့ချနိုင်ဖို့အတွက် စစ်သုံးမောင်းသူမဲ့ယာဉ်တွေကို အသုံးပြုနိုင်ရေး အရှိန်မြှင့်တင် ဆောင်ရွက်ဖို့ စီစဉ်နေကြောင်း မေလအတွင်းကလည်း ယူကရိန်းအစိုးရက ကြေညာခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ရှေ့တန်းစစ်မြေပြင်တစ်လျှောက်နဲ့ သြဂုတ်လ ယူကရိန်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့ ကာ့စ်ခ်ဒေသမှာ မောင်းသူမဲ့ယာဉ်တွေကို တွေ့မြင်လာရတာဖြစ်ပါတယ်။
မြေပြင်မောင်းသူမဲ့ယာဉ်တွေကို ကိုင်တွယ်မောင်းနှင်တတ်ဖို့အတွက်လည်း ယူကရိန်းအစိုးရဟာ လေ့ကျင့်ရေး သင်တန်းကျောင်းတွေ တည်ထောင်ပြီး ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။
Ref: Ukraine Seeks ‘Tens of Thousands’ of Robotic Vehicles for Frontline
#PeopleMedia