• Follow Us on

Home မြေပြိုကျ၍ အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး မြေပိကျ၍ သေဆုံး

မြေပြိုကျ၍ အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး မြေပိကျ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၁၀

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျ၍ အသက် (၂) နှစ်အရွယ်ကလေငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

 

သြဂုတ်လ ၉ ရက်နေ့တွင် နမ့်ခမ်းမြို့ရှိ ကျေးရွာ (၁၄) ရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေများပြိုကျ၍ အသက် (၂) နှစ်အရွယ်ကလေးငယ်တစ်ဦး မြေပိကျ၍သေဆုံးသွားပြီး (၂) ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

ထိုမိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျသည့် ကျေးရွာများမှာ မန်ကန်ရွာ၊ မန်လုံရွာ၊ နမ့်ဟွမ်ရွာ၊ ကောင်းခေရွာ၊ ပန်လောရွာ၊ ပန်ခါးရွာ၊ လွယ်မွန်းရွာ၊ ဆိုင်တောင်ရွာ၊ ဆာလူရွာ၊ မန်အောင်ရွာ၊ ဖာလင်ရွာ၊ ကြူဆိုင်းရွာ၊ ပန်ဟန်ကြီးရွာနှင့် မန်စပ်ရွာတို့ ဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post