• Follow Us on
Latest News

Home မြောက်ကိုရီးယားကို ဂြိုလ်တုတည်ဆောက်ရေး နည်းပညာ ရုရှား ကူညီသွားမယ်

မြောက်ကိုရီးယားကို ဂြိုလ်တုတည်ဆောက်ရေး နည်းပညာ ရုရှား ကူညီသွားမယ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၃

 

ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားကို ဂြိုလ်တုတွေတည်ဆောက်ရာမှာ ကူညီပေးမယ်လို့ ကတိ ပြုခဲ့ပြီး ရုရှားနိုင်ငံရဲ့ ခေတ်အမီဆုံး အာကာသလွှတ်တင်ရေးစခန်းကို ကင်ဂျုံအန်းကို ပြသခဲ့ပါတယ်။

 

ကင်ဂျုံအန်းဟာ အင်္ဂါနေ့ အစောပိုင်းက ရုရှားနိုင်ငံကိုရောက်ရှိခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံ အရှေ့ဖျားဒေသက ခေတ်မီ အာကာသလွှတ်တင်ရေး အဆောက်အအုံဖြစ်တဲ့ Vostochny Cosmodrome မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စက်တင်ဘာ ၁၃ ရက်နေ့က တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

 

ရုရှားက ကင်ကို ဂြိုလ်တုတွေ ဆောက်ဖို့ ကူညီမှာလားလို့ သတင်းထောက်တွေ မေးတဲ့အခါ ပူတင်က “အဲဒါ ကြောင့် ငါတို့ ဒီကို လာခဲ့ကြတာ။ မြောက်ကိုရီးယားခေါင်းဆောင်က ဒုံးပျံ အင်ဂျင်နီယာကို အရမ်း စိတ်ဝင်စား တယ်၊ သူတို့လည်း အာကာသဖွံ့ဖြိုးဖို့ ကြိုးစားနေတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

သူနဲ့ ကင်ဂျုံအွန်တို့ စစ်ရေးကိစ္စတွေ ဆွေးနွေးမှာလားဆိုတဲ့ မေးခွန်းကို တုံ့ပြန်တဲ့အနေနဲ့ ပူတင်က ပြဿနာ အားလုံးကို ဆွေးနွေးမယ်လို့ ပြောဆိုခဲ့ပြီး ဆွေးနွေးပွဲကို ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုင်ဂု တက်ရောက် သွားမယ်လို့ သိရပါတယ်။

 

ref; reuters

 

#PeopleMedia


Share this post