• Follow Us on

Home မြောက်ကိုရီးယားကို ထွက်ပြေးခဲ့တဲ့ အမေရိကန်စစ်သည်ကင်းန် ပြစ်မှုငါးခုကျူးလွန်ခဲ့ကြောင်း ဝန်ခံမည်

မြောက်ကိုရီးယားကို ထွက်ပြေးခဲ့တဲ့ အမေရိကန်စစ်သည်ကင်းန် ပြစ်မှုငါးခုကျူးလွန်ခဲ့ကြောင်း ဝန်ခံမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၇

 

၂၀၂၃ ခုနှစ်တုန်းက မြောက်ကိုရီးယားနိုင်ငံထဲကို ထွက်ပြေးသွားခဲ့ပြီး အဲဒီနိုင်ငံထဲမှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတဲ့ အမေရိကန်စစ်သည် တပ်သားထရားဗစ်ကင်းန်က စစ်ပြေးမှုအပါအဝင် ပြစ်မှုငါးခုကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး အပြစ်ရှိတာမှန်ကန်ကြောင်း တင်ပြသွားမှာဖြစ်တယ်လို့ ၎င်းရဲ့ရှေ့နေဖြစ်သူက သြဂုတ်လ ၂၆ ရက်နေ့က ထုတ် ပြန်ကြေညာခဲ့ပါတယ်။

 

တပ်သားကင်းန်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မြောက်ကိုရီးယားနိုင်ငံထဲဝင်ပြေးသွားတဲ့ စစ်ပြေးမှုကနေ မိမိရဲဘော် ရဲဘက်တွေကို စော်ကားမှုနဲ့ ကလေးသူငယ်မဖွယ်အမရာပုံတွေ တောင်းခံမှုအထိပါဝင်တဲ့ အမှုတွေနဲ့ အမေရိ ကန်ကြည်းတပ်က စွဲချက်တင်ထားပါတယ်။

 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း မြောက်ကိုရီးယားက တပ်သားကင်းန်ကို ပြန်လွှတ်လိုက်ပြီးတဲ့နောက်မှာ ၎င်းကို စစ်တရားရုံးဆိုင်ရာ တပ်မတော်သားကျင့်ဝတ်ဥပဒေအရ ပြစ်မှု ၁၄ ခုနဲ့ အမေရိကန်ကြည်းတပ်က စွဲ ချက်တင်ခဲ့တာဖြစ်ပါတယ်။

 

မြောက်ကိုရီးယားမှာ အဖမ်းခံထားရတဲ့ တပ်သားကင်းန် ပြန်လည်လွတ်မြောက်ရေးအတွက် ဆွီဒင်အစိုးရ ဦး ဆောင်ပြီး ကန့်လန့်ကာနောက်ကွယ်က သီတင်းပတ်များစွာကြိုးပမ်းခဲ့ပြီးနောက်မှာ ကင်းန် ပြန်လည်လွတ် မြောက်လာခဲ့တာဖြစ်ပါတယ်။

 

တပ်သားကင်းန်ကို နယ်စပ်တစ်လျှောက်ကနေ တရုတ်နိုင်ငံထဲကို ခေါ်ဆောင်လာခဲ့ပြီး အမေရိကန် သံအမတ်ကြီးထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

 

“သူ့ကို စွဲချက်တင်ထားတဲ့ ပြစ်မှု ၁၄ ခုထဲကနေ စစ်ပြေးမှုတစ်မှု၊ အမိန့်မနာခံမှုသုံးမှုနဲ့ ပြန်တမ်းမဝင်အရာရှိ တစ်ဦးကို စော်ကားမှုအပါအဝင် ပြစ်မှုသုံးခု ကျူးလွန်ခဲ့ကြောင်း ဝန်ခံသွားမှာဖြစ်ပါတယ်။” လို့ ကင်းန်ရဲ့ ရှေ့နေက ပြောပါတယ်။

 

“ကျန်တဲ့ စွဲချက်တင်ထားတဲ့ ပြစ်မှုတွေအတွက်တော့ ၎င်းအနေနဲ့ အပြစ်မရှိကြောင်း လျှောက်လဲတင်ပြ သွားမှာ ဖြစ်သလို ကြည်းတပ်ကလည်း အဲဒီစွဲချက်တွေကို ပြန်လည်ရုပ်သိမ်းသွားမှာဖြစ်ပါတယ်။” လို့ ရှေ့နေက ပြောပါတယ်။

 

ကင်းန်ဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ကြည်းတပ်ထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ကင်းန်ကို ၎င်းဝန်ခံထားတဲ့ ပြစ်မှုတွေ ကျူးလွန်မှုအတွက် တောင်ကိုရီးယားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံကနေ ပြန်လွှတ်လိုက်ပြီးနောက် စစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ အမေရိကန်ပြည် ထောင်စုမှာ အမှုရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

 

ကင်းန်ဟာ တောင်ကိုရီးယားနိုင်ငံကနေ ပြန်လွှတ်လိုက်ပြီး အမေရိကန်ကို ပြန်လာတဲ့ လမ်းခုလပ်မှာ ရောက်ရှိနေပြီလို့ ဆိုပါတယ်။

 

နယ်စပ်ဖြတ်ကျော်ပြီး မြောက်ကိုရီးယားနိုင်ငံထဲ ဝင်ရောက်ခဲ့တဲ့ ကင်းန်ကို မြောက်ကိုရီးယားအာဏာပိုင် တွေက ချက်ချင်းဖမ်းဆီးပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ပြန်မလွှတ်ခင်အထိ ထိန်းသိမ်းထားပါတယ်။

 

အပြစ်ရှိကြောင်းဝန်ခံပွဲနဲ့ ပြစ်ဒဏ်ချမှတ်ဖို့ တရားရုံးကြားနာစစ်ဆေးပွဲကို တက္ကဆက်ပြည်နယ် ဖို့တ်ဘလစ် (Fort Bliss) ကြည်းတပ်စစ်စခန်းမှာ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ကြောင်း ၎င်းရဲ့ ရှေ့နေက ပြောပါတယ်။

 

Ref: US army private King, who fled to North Korea, to plead guilty to 5 charges: REUTERS

 

#PeopleMedia


Share this post