• Follow Us on
Latest News

Home မြောက်ကိုရီးယားက တတိယမြောက် သူလျှိုဂြိုဟ်တုလွှတ်တင်

မြောက်ကိုရီးယားက တတိယမြောက် သူလျှိုဂြိုဟ်တုလွှတ်တင်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၂

 

မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းတို့ရဲ့ တတိယအကြိမ်မြောက် စစ်ဘက်ဆိုင်ရာသူလျှိုဂြိုဟ်တုကို နိုင်ငံရဲ့ တောင် ဘက်စွန်းကနေ လွှတ်တင်လိုက်ပြီဖြစ်ကြောင်း ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားစစ်တပ်က အင်္ဂါနေ့က ပြောကြား လိုက်ပါတယ်။

 

မြောက်ကိုရီးယားဟာ မေလနဲ့ သြဂုတ်လတွေအတွင်းမှာ သူလျှိုဂြိုဟ်တုတွေ လွှတ်တင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါ ဘူး။ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ကတော့ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး နောက် ထပ်ဂြိုဟ်တုလွှတ်တင်ခြင်းမလုပ်ဖို့ မြောက်ကိုရီးယားကို အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။

 

မြောက်ကိုရီးယားရဲ့ဂြိုဟ်တုလွှတ်တင်မှုကို ဂျပန်နိုင်ငံကရော တောင်ကိုရီးယားကပါ အတည်ပြုလိုက်ပြီးနောက် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာနေထိုင်တဲ့ ဒေသခံတွေကို အကာအကွယ်အောက်မှာနေကြဖို့ ဂျပန်အစိုးရက သ တိပေးထားပါတယ်။

 

မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ခဲ့ရင် တောင်ကိုရီးယားအစိုးရအနေနဲ့ အများပြည်သူဘေးကင်းလုံခြုံရေး အတွက် လိုအပ်တာတွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယာပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၊ စစ်ဆင် ရေးညွှန်ကြားရေးမှူး ကန်ဟိုပိုင်လ်က တနင်္လာနေ့က ပြောပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံက ယူကရိန်းစစ်ပွဲမှာရုရှားတွေသုံးဖို့ စစ်လက်နက်ပစ္စည်းတွေ သင်္ဘောဆယ်စီးတိုက်စာ ထက်မနည်း တင်ပို့ထားတာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားထံက နည်းပညာကူအညီတွေလက်ခံရရှိထားပုံရတဲ့အ တွက် မြောက်ကိုရီးယားရဲ့ သူလျှိုဂြိုဟ်တုလွှတ်တင်ရေးနောက်ထပ်အဆင့်ဟာ ပိုမိုအောင်မြင်လာနိုင်ဖွယ်ရှိ ကြောင်း ဆောင်ကိုရီးယားထောက်လှမ်းရေးက အခုလအတွင်းက သတိပေးခဲ့ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်နည်းပညာတွေအသုံးမပြုဖို့ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေနဲ့ ပိတ်ပင် တားမြစ်ထားပါတယ်။ ဒါပေမဲ့ ဂြိုဟ်တုလွှတ်တင်တဲ့ စွမ်းရည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်မှုဆိုတာ တချို့နေ ရာတွေမှာ နည်းပညာချင်းတူညီနေကြောင်း ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့တွေ့ဆုံပြီးနောက်မှာ ၎င်းနိုင်ငံအနေနဲ့ ပြုံယမ်းအစိုးရရဲ့ ဂြိုဟ်တု တည်ဆောက်မှုကို ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း စက်တင်ဘာလအတွင်းက ရုရှားသမ္မတဗလာဒီမာ ပူတင်က ပြောပါတယ်။

 

ကမ္ဘာပတ်လမ်းကြောင်းထဲကို သူလျှိုဂြိုဟ်တုလွှတ်တင်နိုင်ခဲ့ရင် မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးသတင်းစု ဆောင်းမှု အထူးသဖြင့် တောင်ကိုရီးယားနိုင်ငံအပေါ် သတင်းထောက်လှမ်းမှုစွမ်းရည် မြင့်တက်သွားမှာဖြစ်ပြီး အဲဒီစွမ်းရည်တွေက ဘယ်လိုစစ်ပွဲဖြစ်ပွားလာသည်ဖြစ်စေ အရေးကြီးတဲ့သတင်းတွေကို ထောက်လှမ်းပေးသွား နိုင်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

 

တောင်ကိုရီးယားနိုင်ငံကလည်း ၎င်းတို့ရဲ့ ပထမဦးဆုံးသူလျှိုဂြိုဟ်တုကို SpaceX rocket ကတစ်ဆင့် အခုလ ထဲမှာ လွှတ်တင်ဖို့ရှိကြောင်း တောင်ကိုရီးယားအရာရှိတွေက ပြောပါတယ်။

 

တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်အစိုးရတို့ကလည်း မြောက်ကိုရီးယားကို တုံ့ပြန်တဲ့အနေနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ခဲ့ရာ အမေရိကန် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS Carl Vinson ဟာ တောင်ကိုရီးယား ဘူဆန်ရေတပ်အခြေစိုက်စခန်းကို အင်္ဂါနေ့က ရောက်ရှိလာပါတယ်။

 

Ref: N. Korea Fires ‘Military Spy Satellite’ Southwards: Seoul Military

 

#PeopleMedia


Share this post