• Follow Us on

Home မြောက်ကိုရီးယားက တောင်ပိုင်းနယ်စပ်ကို နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒုံးပစ်လောင်ချာ အစီး ၂၅၀ ရွှေ့ပြောင်းတပ်ဖြန့်ချထား

မြောက်ကိုရီးယားက တောင်ပိုင်းနယ်စပ်ကို နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒုံးပစ်လောင်ချာ အစီး ၂၅၀ ရွှေ့ပြောင်းတပ်ဖြန့်ချထား

Share this post

နိုင်ငံတကာ၊ သြဂုတ် ၅

 

မြောက်ကိုရီးယားနိုင်ငံ တောင်ပိုင်းနယ်စပ်မှာရှိတဲ့ တပ်ဖွဲ့တွေကို နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်တဲ့ ဒုံးပစ် စင် ၂၅၀ လွှဲပြောင်းပေးတဲ့အခမ်းအနားမှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းဌာန KCNA က တနင်္လာနေ့ (သြဂုတ် ၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“ဒီဒုံးပစ်လောင်ချာတွေဟာ ၎င်းကိုယ်တိုင် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတဲ့ ခေတ်မီနည်းဗျူဟာမြောက် တိုက် ခိုက်ရေးလက်နက်တွေဖြစ်ကြောင်း” ကင်က တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားမှာ ပြောပါတယ်။

 

ပရိသတ်ထောင်ပေါင်းများစွာတက်ရောက်ခဲ့တဲ့ ဒုံးပစ်လောင်ချာလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားမှာ ဒုံးပစ်စင်ပါ ထရပ်ကားတွေအများအပြားကို စီတန်းခင်းကျင်းပြသထားပါတယ်။

 

“ဒီဒုံးပစ်လောင်ချာတွေကို တောင်ကိုရီးယားနိုင်ငံကို တိုက်ခိုက်ဖို့ရော ခြိမ်းခြောက်ဖို့ရော နည်းလမ်းပေါင်းစုံနဲ့ အ သုံးပြုဖို့ ရည်ရွယ်ထားတာလို့ ခန့်မှန်းရပါတယ်။ နယ်စပ်အနီးမှာ အခုလို တပ်ဖြန့်ချထားတဲ့အတွက် ပစ်ခတ်နိုင် တဲ့အကွာအဝေးက သိပ်မဝေးဘူးလို့ ပြောနိုင်ပါတယ်။” လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ပြောခွင့် ရပုဂ္ဂိုလ် လီဆောင်းဂျုံးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံက လက်နက်စမ်းသပ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အပြင် တောင်ကိုရီးယားနိုင်ငံဘက် ကို အမှိုက်တွေထည့်ထားတဲ့ မိုးပျံပူဖောင်းတွေ လွှတ်တင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ကိုရီးယားကျွန်းဆွယ် မှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

 

တောင်ကိုရီးယားနိုင်ငံဘက်ကလည်း နယ်စပ်တစ်လျှောက် ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်ခတ်တဲ့ စစ်ရေးလေ့ ကျင့်မှုတွေ ပြန်လည်ဆောင်ရွက်နေသလို စစ်ကင်းမဲ့ဇုံတစ်လျှောက် ဝါဒဖြန့်ပြောကြားချက်တွေ၊ ပေါ့သီချင်းတွေ ကို ပြန်လည်ထုတ်လွှင့်ခဲ့ပါတယ်။

 

“တောင်ကိုရီးယားဟာ ၎င်းတို့နိုင်ငံရဲ့ အဓိကရန်သူဖြစ်ကြောင်း” မြောက်ကိုရီးယားအစိုးရက အခုနှစ်အတွင်း ကြေညာလိုက်ပြီး တောင်ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ပါတယ်။

 

အမေရိကန်ဦးဆောင်တဲ့မဟာမိတ်နိုင်ငံတွေဟာ နျူကလီးယားအခြေပြု စစ်ရေးမဟာမိတ်အဖွဲ့အဖြစ် ပြောင်းလဲ လိုက်တဲ့အတွက် အရေးကြီးတဲ့ မဟာဗျူဟာမြောက်အပြောင်းအလဲကို တုံ့ပြန်ရာမှာ မိမိတို့ရဲ့ကာကွယ်ရေး လက်နက်တွေကို အဆင့်မြှင့်တင်ဖို့ လိုအပ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို လွှမ်းမိုးနိုင်အောင် ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားတဲ့ တာတိုပစ် လက်နက်တွေကို တောက်လျှောက်တိုးချဲ့ထုတ်လုပ်လျက်ရှိပါတယ်။

 

ဒါ့အပြင် မြောက်ကိုရီးယားဟာ အမေရိကန်နိုင်ငံအထိ ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကိုလည်း ဒီဇိုင်း ရေးဆွဲထုတ်လုပ်နေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပါတယ်။

 

Ref: North Korea moves 250 missile launchers to southern border

 

#PeopleMedia


Share this post