• Follow Us on
Latest News

Home မြောက်ကိုရီးယားက နယ်စပ်တစ်လျှောက် မိုင်းထောင်ပေါင်းများစွာ မြှုပ်နှံ

မြောက်ကိုရီးယားက နယ်စပ်တစ်လျှောက် မိုင်းထောင်ပေါင်းများစွာ မြှုပ်နှံ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၈

 

မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးခင်ကပဲ နယ်စပ်တစ်လျှောက်မှာ မြေမြှုပ်မိုင်း ထောင်ပေါင်းများစွာကို မြှုနှံခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၁၇ ရက်နေ့) က ပြောပါတယ်။

 

“အပူချိန်အလွန်ပြင်းထန်တဲ့ မုတ်သုန်ရာသီဖြစ်ပေမဲ့ မြောက်ကိုရီးယားစစ်တပ်ဟာ နယ်စပ်တစ်လျှောက် မြေ မြှုပ်မိုင်းတွေခင်းပြီး ခြံစည်းရိုးတွေ ဆောက်နေပါတယ်။” လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

“အသစ်ခင်းကျင်းထားတဲ့ မြေမြှုပ်မိုင်းတွေဟာ ထောင်ပေါင်းများစွာရှိတယ်လို့ ခန့်မှန်းရပါတယ်။” လို့ ထုတ်ပြန် ချက်မှာဖော်ပြပါတယ်။

 

စစ်ကင်းမဲ့ဇုံတစ်လျှောက် ကာကွယ်ရေးအစီအစဉ်တွေ မြင့်တင်ဖို့ လပေါင်းများစွာ ကြိုးပမ်းနေစဉ်အတွင်း မိုင်း ပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့ပြီး စစ်သည်အတော်များများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

နယ်စပ်မှာ မိုင်းထောင်ဖို့ တာဝန်ပေးထားတဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ အရည်အသွေးညံ့ဖျင်းတဲ့ စစ် တန်းလျားတွေမှာနေထိုင်ရပြီး တစ်နေ့ကို ၁၂ နာရီကနေ ၁၃ နာရီအထိ ရုံးပိတ်ရက်မရှိ တာဝန်ထမ်းဆောင် နေ ရကြောင်း အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာ မြောက်ကိုရီးယားစစ်သား ၃ ယောက်က မိုင်းတွေလို့ ယူဆရတဲ့ သေတ္တာတွေကို သယ်ဆောင်နေတာတွေ့ရပါတယ်။

 

နောက်ဓာတ်ပုံတစ်ပုံမှာတော့ ဒဏ်ရာရမြောက်ကိုရီးယားစစ်သားတစ်ယောက်ကို စစ်သားအုပ်စုတစ်စုက လူနာ သယ်ထမ်းစင်နဲ့ သယ်ဆောင်သွားတဲ့ပုံဖြစ်ပါတယ်။

 

တောင်ကိုရီးယားပိုင်နက်ထဲကို နောက်ထပ်ချိုးဖောက်ဝင်ရောက်လာမှာကို ကာကွယ်ဖို့ရော ဆိုးရွားလှတဲ့ အ ခြေအနေအောက်မှာ တာဝန်ထမ်းဆောင်နေရတဲ့ မြောက်ကိုရီးယားစစ်သားတွေ ဘက်ပြောင်း ခိုလှုံလာမှာ ကိုကြိုဆိုဖို့ရော တောင်ကိုရီးယားစစ်သည်တွေက ပြင်ဆင်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

နယ်စပ်တစ်လျှောက် လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့စဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တောင်ကိုရီးယားကို ၎င်းရဲ့အဓိကရန်သူအဖြစ် အခုနှစ်အစောပိုင်းက ကြေညာလိုက်ပြီး ပြန်လည်ပေါင်းစည်း ရေးအတွက် ရည်မှန်းထားတဲ့ အဖွဲ့တွေကို ဖယ်ရှားပစ်လိုက်တဲ့တွက် နှစ်ပေါင်းများစွာအတွင်း နှစ်နိုင်ငံဆက် ဆံရေးဟာ အဆိုးရွားဆုံး အခြေအနေအထိ ဆိုက်ရောက်လာခဲ့ပါတယ်။

 

Ref: N. Korea Plants ‘Tens of Thousands’ of Mines on Border: Seoul

 

#PeopleMedia


Share this post