• Follow Us on

Home မြောက်ကိုရီးယားက နျူကလီးယားလက်နက်တည်ဆောက်ရေး မူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင် ထည့်သွင်းပြဌာန်း

မြောက်ကိုရီးယားက နျူကလီးယားလက်နက်တည်ဆောက်ရေး မူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင် ထည့်သွင်းပြဌာန်း

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၈

 

မြောက်ကိုရီးယားရဲ့ ဥပဒေပြုလွတ်တော်က နိုင်ငံရဲ့နျူကလီးယားလက်နက်အင်အား တည်ဆောက်ရေး မူဝါဒ ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ထည့်သွင်းပြဌာန်းလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းက ဖော်ပြ ထားပါတယ်။

 

“မြောက်ကိုရီးယားရဲ့ နျူကလီးယား စွမ်းအားတည်ဆောက်ရေး မူဝါဒကို နိုင်ငံတော်ရဲ့ အခြေခံဥပဒေအဖြစ် အမြဲတမ်း ချမှတ်ထားပြီး၊ ဘယ်သူကမှ နှောင့်ယှက်ခွင့်မရှိပါဘူး” လို့ ဂျုံအန်းက ပြည်သူ့လွှတ်တော်အစည်း အဝေးမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 

မြောက်ကိုရီယားက နိုင်ငံလုံခြုံရေးအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှု ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ရန်စမှုတွေ ရှိလာပါက ကာကွယ်မှုအဖြစ် နျူကလီးယားလက်နက်ကို အသုံးပြုခွင့်ပေးထားတဲ့ ဥပဒေတစ်ရပ်ကိုလည်း ပြီးခဲ့တဲ့နှစ်က အတည်ပြုခဲ့ပါသေးတယ်။

 

“ဒါဟာ နိုင်ငံတော်ကာကွယ်ရေးစွမ်းရည်ကို သိသိသာသာ အားကောင်းစေဖို့အတွက် ပံ့ပိုးပေးတဲ့ သမိုင်းဝင် ဖြစ်ရပ်တစ်ခုပါ” လို့ ကင်ဂျုံအန်းက ပြောဆိုခဲ့ကြောင်း KCNA က ဖော်ပြထားပါတယ်။

 

“အမေရိကန်၊ တောင်ကိုရီယားနဲ့ ဂျပန်တို့က “တြိဂံပုံစံ စစ်ရေးမဟာမိတ်” တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး နောက်ဆုံး တော့ စစ်ပွဲနဲ့ ရန်လိုမှုတွေရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ “အာရှပုံစံနေတိုး” ပုံစံပေါ်ပေါက်လာခဲ့ပါတယ်။ ဒါဟာ အဆိုးဆုံး ခြိမ်းခြောက်မှုပါပဲ” လို့ မြောက်ကိုရီးယားခေါင်းဆောင်က ပြောပါတယ်။

 

အခုအခါ မြောက်ကိုရီးယားက ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို ထည့်သွင်း လိုက်တဲ့အတွက် နျူကလီးယားလက်နက်ဖျက်သိမ်းရေး မျှော်လင့်ချက်တွေ ပိုမိုလျော့နည်းလာတယ်လို့ လေ့ လာသူတွေက ဆိုပါတယ်။

 

အခုနှစ်အတွင်း မြောက်ကိုရီးယားက စံချိန်တင်လက်နက်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ကင်ဂျုံအန်းက အမေရိ ကန်ရဲ့ ရန်စမှုတွေကို ဟန့်တားဖို့အတွက် နျူကလီးယားလက်နက် ထုတ်လုပ်မှုကို အရှိန်မြှင့်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

 

ref; CNA

 

#PeopleMedia


Share this post