မြောက်ကိုရီးယားက ရုရှားကို စစ်လက်နက်ပစ္စည်း စတင်ပေးပို့နေပြီလို့ဆို
PUBLISHED - October 11, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၁၁
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် တစ်လမပြည့်ခင်အချိန်အတွင်း မှာပဲ မြောက်ကိုရီးယားနိုင်ငံက ရုရှားနိုင်ငံကို အမြောက်လက်နက်အစိတ်အပိုင်းတွေ ပို့ဆောင်လိုက်တယ်လို့ အ မည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးကို ကိုးကားပြီး CBS News က ရေးသားလိုက်ပါတယ်။
အခုပို့လိုက်တဲ့လက်နက်တင်ပို့မှုဟာ တစ်ခေါက်တည်းပို့တာလား၊ ရေရှည်တင်ပို့မှုရဲ့ အစိတ်အပိုင်းတစ်ရပ်လား၊ မြောက်ကိုရီးယားဘက်က ဘာတွေပြန်ရမှာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဆိုပါတယ်။
ရုရှားနဲ့ နယ်နမိတ်ထိစပ်နေတဲ့ မြောက်ကိုရီးယား ရထားလမ်းကနေ ရထားနဲ့ ကုန်စည်ပို့ဆောင်မှုကို မြှင့်တင်ဖို့ ဆောင်ရွက်နေစဉ်အတွင်းမှာပဲ အခုလို လက်နက်တင်ပို့လိုက်တဲ့သတင်းထွက်ပေါ်လာတာဖြစ်ကြောင်း မဟာဗျူ ဟာနဲ့ နိုင်ငံတကာလေ့လာရေး အမေရိကန်စင်တာက ထောက်လှမ်းရေးဓာတ်ပုံတွေကို ကိုးကားပြီး ပြောပါ တယ်။
အောက်တိုဘာလ ၅ ရက်နေ့က တူမန်ဂန်းဘူတာရုံမှာ ကုန်တွေတင်ထားတဲ့ရထားတွဲ ၇၃ တွဲကို တွေ့ရှိခဲ့ရပြီး ငါးနှစ်အတွင်း အခုလိုအတွဲအများဆုံးတွေ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ရထားတွဲတွေကို တာပေါ်လင်စတွေနဲ့ ဖုံးအုပ်ထားတဲ့အတွက် အထဲမှာဘာတွေပါတယ်ဆိုတာကို မသိနိုင်ဘူး လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လက ခြောက်ရက်ကြာအလည်အပတ်ခရီးစဉ်မှာ ကင်ဂျုံအန်က ရုရှားနိုင်ငံကို “မျှော်လင့်မထားတဲ့ ထောက်ပံမှု” တွေ ပေးသွားဖို့ ကတိပြုခဲ့တယ်လို့ သိရပေမဲ့ ဘယ်လိုကာကွယ်ရေးစာချုပ်မျိုးမှ ချုပ်ဆိုခဲ့တယ် လို့တော့ သတင်းထွက်မလာပါဘူး။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားနိုင်ငံကို စစ်လက်နက်ပစ္စည်း တင်ပို့ခွင့်/ တင် သွင်းခွင့် ပိတ်ပင်ထားပါတယ်။
ဒါပေမဲ့ ယူကရိန်းစစ်ပွဲအရှိန်မြှင့်တင်ဖို့အတွက် လက်နက်တွေ အရူးအမူးအသည်းအသန်လိုအပ်နေတဲ့ ရုရှားရဲ့ လိုအပ်ချက်ကြောင့် အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို စားနပ်ရိက္ခာတွေနဲ့ ပိုပြီးအင်အားကောင်းတဲ့ ဒုံးကျည်တွေ၊ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေနဲ့ သူလျှိုဂြိုဟ်တုတွေ တည်ဆောက်နိုင်အောင် နည်း ပညာတွေ ထောက်ပံ့ပေးဖို့ သဘောတူညီမှုရသွားမှာကို စစ်ရေးကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။
မြောက်ကိုရီးယားအစိုးရထံမှာ အမြောက်တွေ၊ အမြောက်ကျည်တွေနဲ့ တင့်ဖျက်ဒုံးကျည်တွေ တောင်ပုံယာပုံရှိ နေပြီး အဲဒီလက်နက်ခဲယမ်းတွေကိ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားက ကောင်းကောင်း အသုံးပြု နိုင်တယ်လို့ ဆိုပါတယ်။
Ref: North Korea Begins Arms Delivery to Russia: Report
#PeopleMedia