• Follow Us on
Latest News

Home မြောက်ကိုရီးယားက သူလျှိုဂြိုဟ်တုလွှတ်တင်ဖို့နဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်ဖို့ ပြင်ဆင်နေ

မြောက်ကိုရီးယားက သူလျှိုဂြိုဟ်တုလွှတ်တင်ဖို့နဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်ဖို့ ပြင်ဆင်နေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၈

 

မြောက်ကိုရီးယားအစိုးရဟာ ဒုတိယအကြိမ်မြောက်ကြိုးပမ်းမှုအဖြစ် သူလျှိုဂြိဟ်တုတစ်လုံးလွှတ်တင်ဖို့ ပြင်ဆင် နေသလို တာဝေးပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ဖို့လည်း ပြင်ဆင်နေကြောင်း တောင်ကိုရီးယားထောက်လှမ်း ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

 

လာမယ့်သီတင်းပတ်မှာကျင်းပမယ့် အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုနဲ့ အမေရိကန်နိုင်ငံ ကမ့် ဒေးဗစ်စခန်းမှာ မနက်ဖြန်ကျင်းပမယ့် အမေရိကန်-တောင်ကိုရီးယား-ဂျပန် သုံးပွင့်ဆိုင်အစည်းအဝေးကို တုံ့ပြန် တဲ့အနေနဲ့ အဲဒီလက်နက်စမ်းသပ်မှုတွေကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က ပြုလုပ်သွားမှာဖြစ် တယ်လို့ ခန့်မှန်းထားကြပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာကျင်းပမယ့် ၇၅ နှစ်မြောက် နိုင်ငံနှစ်ပတ်လည်နေ့ မတိုင်ခင် သြဂုတ်လနှောင်းပိုင်းမှာဖြစ်စေ စက်တင်ဘာလအစောပိုင်းမှာဖြစ်စေ သူလျှိုဆက်သွယ်ရေးဂြိုဟ်တုကို လွှတ်တင်သွားနိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးအဖွဲ့ NIS က ကိုရီးယားအရာရှိ တွေကို တံခါးပိတ်အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့တဲ့ လွှတ်တော်အ မတ်ယူဆန်ဘမ်းက ပြောပါတယ်။

 

မြောက်ကိုရီးယားအစိုးရဟာ ဆက်သွယ်ရေးဂြိုဟ်တုလွှတ်တင်ရာမှာ အသုံးပြုဖို့အတွက် ရော့ကက်အင်ဂျင်တစ် ခုကို စမ်းသပ်နေပြီး ဆက်သွယ်ရေးဂြိုဟ်တုက သတင်းအချက်အလက်တွေကို လက်ခံရယူဖို့အတွက် မြေပြင် ဆက်သွယ်ရေးစခန်းတစ်ခုကို တည်ဆောက်ပြီးစီးသွားပြီလို့ NIS က ပြောကြောင်း ယူကပြောပါတယ်။

 

ကင်ဂျုံအန်ဟာ ထောက်လှမ်းရေးဂြိုဟ်တုအပါအဝင် အဆင့်မြင့်ခေတ်မီလက်နက်စနစ်တွေအများအပြားထုတ် လုပ်ဖို့ သံန္နိဋ္ဌာန်ချထားပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံဟာ မေလအတွင်းက ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ကြိုးစားလွှတ်တင်ခဲ့ပေမဲ့ အဲဒီ ရော့ကက်ဟာ လွှတ်တင်ပြီးမကြာခင်အချိန်အတွင်းမှာပဲ သမုဒ္ဒရာထဲကို ပျက်ကျသွားခဲ့ပါတယ်။

 

အဲဒီရော့ကက်ဟာ ပထမအဆင့်နဲ့ ဒုတိယအဆင့် ကြားထဲမှာ ဒုံးကန်အားချွတ်ယွင်းသွားခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာတွေက ပြောပါတယ်။

 

မြောက်ကိုရီးယားဂြိုဟ်တုက အပျက်အစီးအပိုင်းအစတွေကိုကြည့်ရတာ ၎င်းတို့ပြောထားသလောက် ဆက် သွယ်ရေးဂြိုဟ်တုတာဝန်တွေထမ်းဆောင်နိုင်လောက်တဲ့ ခေတ်မီနည်းပညာတွေ အလုံအလောက်မတွေ့ရဘူး လို့ တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။

 

မြောက်ကိုရီးယားရဲ့ လောင်စာခဲအသုံးပြု တိုက်ချင်းပစ်ဒုံးကျည် (ICBM) တွေထုတ်လုပ်တဲ့ စက်ရုံက လှုပ်ရှား မှုတွေအားလုံးကို တောင်ကိုရီးယားကထောက်လှမ်းခဲ့သလို တခြားလောင်စာရည်သုံး တိုက်ချင်းပစ်ဒုံးပျံတွေကို လည်း ထောက်လှမ်းနိုင်ခဲ့တယ်လို့ NIS ကပြောကြောင်း ယူက ပြောပါတယ်။

 

အမေရိကန်နိုင်ငံက တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့ စစ်ရေးအရပူးပေါင်းဆောင် ရွက်လာတာတွေကို အလွန် အမင်းအကဲဆတ်လျက်ရှိတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ၂၀၂၂ ခုနှစ်ကတည်းက ဒီကနေ့အချိန်အထိ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု အကြိမ် ၁၀၀ ကျော် ဆောင်ရွက်ခဲ့ပါတယ်။

 

Ref: North Korea preparing long-range missile tests and spy satellite launch, says South Korea

 

#PeopleMedia


Share this post