• Follow Us on

Home မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ရုရှားခရီးစဉ်ပြီးဆုံးခဲ့၊ ပုံမှန်မဟုတ်တဲ့ လက်ဆောင်တွေ လဲလှယ်ခဲ့ကြ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ရုရှားခရီးစဉ်ပြီးဆုံးခဲ့၊ ပုံမှန်မဟုတ်တဲ့ လက်ဆောင်တွေ လဲလှယ်ခဲ့ကြ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၈

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရှားရှားပါးပါး ခြောက်ရက်ကြာခရီးစဉ်ဟာ စက်တင်ဘာ ၁၇ ရက်နေ့က ပြီးဆုံးခဲ့ပြီး ရုရှားနိုင်ငံက ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

 

အင်္ဂါနေ့က စတင်ခဲ့တဲ့ ကင်ဂျုံအန်းရဲ့ ရုရှားခရီးစဉ်အတွင်းမှာ ပူတင်နဲ့ သင်္ကေတ ရိုင်ဖယ်တွေ လဲလှယ်ခြင်း၊ ခေတ်မီ ရုရှားလက်နက်တွေ စစ်ဆေးခြင်းအပါအဝင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် အာရုံစိုက်ထားခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကင်ဂျုံအန်းနဲ့ ဗလာဒီမာပူတင်တို့ရဲ့တွေ့ဆုံမှုအတွင်းမှာ ပုံမှန်မဟုတ်တဲ့ လက်ဆောင်တွေ ဖလှယ်ခဲ့ ကြပြီး ကင်ဂျုံအန်းဟာ ပူတင်ထံကနေ အာကာသလက်အိတ်နဲ့ အရည်အသွေးမြင့် ရိုင်ဖယ်တစ်လက်ကို လက်ခံရှိခဲ့တယ်လို့ သိရပါတယ်။ ကင်ဂျုံအန်းကလည်း ပူတင်ကို မြောက်ကိုရီယားလုပ် ရိုင်ဖယ်တစ်လက်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

 

အာကာသလက်အိတ်ဟာ ရုရှားက မြောက်ကိုရီးယားကို အကာသဆိုင်ရာနည်ပညာတွေ ကူညီပံ့ပိုးပေးနိုင်မှုကို ဖော်ပြထားပြီး  ရိုင်ဖယ်လဲလှယ်မှုဟာ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရန်ဖို့၊ စည်းလုံးညီညွတ်မှုကို မြင့်တင်ဖို့ ဒါမှမဟုတ် အရေးကြီးတဲ့ အချိန်အခါတွေကို ဂုဏ်ပြုဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

 

လေ့လာသူတွေရဲ့သုံးသပ်ချက်အရ လက်နက်လဲလှယ်မှုဟာ နှစ်နိုင်ငံကြား အလားအလာရှိတဲ့ လက်နက် လွှဲပြောင်းရေးသဘောတူညီချက်ကို အရိပ်အမြွက်ပြသခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားက လက်နက်ခဲယမ်း တွေကို ရုရှားရဲ့ နည်းပညာနဲ့ လဲလှယ်ဖို့ဖြစ်နိုင်ခြေရှိနေတယ်လို့ ဆိုပါတယ်။

 

တနင်္ဂနွေနေ့က ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး လက်ဘရော့ ရဲ့ မှတ်ချက် မှာလည်း မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေ ရှိနေပေမယ့် ရုရှားက မြောက်ကိုရီး ယားနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

 

“မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ကျွန်တော်တို့က မကြေညာခဲ့ပါဘူး။ လုံခြုံရေးကောင်စီက လုပ်ခဲ့တာပါ။ ကျွန်တော်တို့က မြောက်ကိုရီးယားနဲ့ တန်တူးညီမျှ၊ တရားမျှတတဲ့ အပြန်အလှန်ဆက်ဆံရေးကို ဖော်ဆောင်သွားမှာဖြစ်ပါတယ်။” လို့ သူက ပြောကြားခဲ့ပါတယ်။

 

ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံအတွင်းက မထွက်ခွာလာခင်မှာ  တရုတ်နဲ့ မြောက်ကိုရီးယားနယ်စပ်မှာရှိတဲ့ ပရီမိုရီ ဒေသအုပ်ချုပ်ရေးမှုက လက်ဆောင်အဖြစ်ပေးအပ်တဲ့  ဖောက်ခွဲရေး ဒရုနန်း ၅ စင်း၊ ကင်းထောက်ဒရုန်း ၁ စင်းနဲ့ ကျည်ကာအင်္ကျီတစ်ထည်ကို လက်ဆောင်အဖြစ် ရရယူခဲ့တယ်လို့ သိရပါတယ်။

 

ref; cna/bnn

 

#PeopleMedia


Share this post