• Follow Us on

Home မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၈,၀၀၀ ဝန်းကျင် ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေ ကြောင်း အမေရိကန်ပြော

မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၈,၀၀၀ ဝန်းကျင် ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေ ကြောင်း အမေရိကန်ပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁

 

မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၈,၀၀၀ ဝန်းကျင်ဟာ လက်ရှိအချိန်မှာ ယူကရိန်းနယ်စပ်အနီးက ရုရှားပိုင်နယ်မြေထဲ မှာရောက်ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်း ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း အမေရိ ကန်အစိုးရက ပြောကြားလိုက်ပါတယ်။

 

ရုရှားမှာရောက်နေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်အများစုဟာ ရုရှား-ယူကရိန်းနယ်စပ်ကို ရောက်ရှိနေပြီဖြစ် တယ်လို့ ဆိုပါတယ်။

 

“ယူကရိန်းကိုတိုက်ခိုက်ဖို့အတွက် မြောက်ကိုရီးယားက အခုလိုပါဝင်ဆောင်ရွက်လာတာဟာ တင်းမာမှုတွေကိုပို မိုမြင့်တက်လာစေမှာဖြစ်တယ်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားမှာ လာရောက်တပ်ဖြန့်ချထားတာကိုက ရုရှား-မြောက်ကိုရီးယားဆက်ဆံရေးမှာ အန္တရာယ်ကြီးတဲ့မြှင့်တင်မှုတစ်ခုဖြစ်ပါတယ်။” လို့ ကုသမဂ္ဂဆိုင်ရာ အ မေရိကန်ဒုတိယသံအမတ် ရောဘတ်အေဝုဒ်က လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောပါတယ်။

 

“မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ရုရှားရဲ့ ပြုမူဆောင်ရွက်ချက်တွေဟာ အန္တရာယ်ကြီးရုံသာမက လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ ထမ်းဆောင်ရမယ့်တာဝန်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါ တယ်။ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံက စစ်ရေးပူးပေါင်းဆောင်ရွက်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံး ဖြတ်ချက်တွေကို ချိုးဖောက်နေတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရုရှားမှာရောက်နေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်အင်အားကို အမေရိကန်က ၁၀,၀၀၀ ဝန်းကျင်လို့ခန့်မှန်းထား ပြီး တောင်ကိုရီးယားနဲ့ မဟာမိတ်နိုင်ငံတွေက ၁၁,၀၀၀ ဝန်းကျင်လို့ ခန့်မှန်းသလို ယူကရိန်းနိုင်ငံက ၁၂,၀၀၀ အထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။

 

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ကာ့စ်ခ်ဒေသမှာ ရောက်ရှိနေပေမဲ့လည်း ၎င်းတို့အနေနဲ့ ဘယ်တိုက်ပွဲမှာမှ ပါဝင် တိုက်ခိုက်ခြင်းမရှိသေးဘူးလို့ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။

 

“သူတို့တွေ ကာ့စ်ခ်ဒေသမှာ ရောက်နေပါပြီ။ အဲဒီတပ်ဖွဲ့ဝင်တွေကို သူတို့အသုံးပြုမှာပါ။ သေချာတာပေါ့ သူတို့ စစ်မြေပြင်မှာ သေဆုံးမှာပါပဲ။ မြောက်ကိုရီးယားတွေ ပိုပြီး အကျအဆုံးများပြားအောင် သူတို့လုပ်မှာပါ။ သဘော က အဲဒီစစ်မြေပြင်ကို ရုရှားတပ်တွေထက် မြောက်ကိုရီးယားတပ်တွေကို ပိုမိုစေလွှတ်သွားမှာဖြစ်တယ်။ အဲဒီ သားကောင်တွေကို ကျွန်တော်တို့ မြင်ရမှာပါ။” လို့ ဇီလန်စကီးက တောင်ကိုရီးယားရုပ်သံ KBS နဲ့ အင်တာဗျူး တစ်ခုမှာ ပြောပါတယ်။

 

Ref: US says around 8,000 troops from North Korea are stationed in Russia’s Kursk region: Euronews

 

#PeopleMedia


Share this post