• Follow Us on
Latest News

Home မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားနိုင်ငံကို ထွက်ခွာသွားကြောင်း သတင်းတွေထွက်ပေါ်

မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားနိုင်ငံကို ထွက်ခွာသွားကြောင်း သတင်းတွေထွက်ပေါ်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၁

 

ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်တွေကို ကူညီဖို့ မြောက်ကိုရီးယားက ၎င်းတို့တပ်တွေကို စေလွှတ်ပေးမှာဖြစ်တယ် လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် မြောက်ကိုရီးယားတပ်တွေ ရုရှားနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

ပြုံယမ်းက စစ်တက္ကသိုလ်ရဲ့အကြီးအကဲတစ်ဦး ဦးဆောင်တဲ့ မြောက်ကိုရီးယားသင်တန်းအဖွဲ့ဟာ အခုသီတင်း ပတ်အစောပိုင်းက ရုရှားနိုင်ငံကို အလည်အပတ်ခရီးစဉ်အဖြစ် ထွက်ခွာသွားပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန က ပြောပါတယ်။ ရုရှားကို ထွက်ခွာသွားရတဲ့ ရည်ရွယ်ချက်အသေးစိတ်ကိုတော့ ပြောကြားခြင်းမရှိပါဘူး။

 

ဒါပေမဲ့ နှစ်နိုင်ငံ မဟာဗျူဟာမြောက် စစ်ရေးစာချုပ်ချုပ်ဆိုပြီးနောက်မှာ မြောက်ကိုရီးယားကနေ ရုရှားကို ကိုယ် စားလှယ်အဖွဲ့စေလွှတ်တာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

အစောပိုင်းက သတင်းတွေမှာတော့ “ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ ပြန်လည်တည်ဆောက်ရေးလုပ် ငန်းတွေ ဆောင်ရွက်ဖို့ မြောက်ကိုရီးယား အင်ဂျင်နီယာတပ်ဖွဲ့တွေကို စေလွှတ်နိုင်ဖွယ်ရှိတာကြောင့် အမေရိ ကန်အစိုးရက အနီးကပ်စောင့်ကြည့်နေကြောင်း” ဖော်ပြထားပါတယ်။

 

မြောက်ကိုရီးယားအနေနဲ့ စစ်ပွဲမှာပါဝင်တိုက်ခိုက်ဖို့အတွက်လည်း ၎င်းတို့စစ်သည်တွေကို စေလွှတ်နိုင်တာကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် က်ထရစ်ရွိင်ဒါက ပြောပါတယ်။

 

မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့ အမြောက်ကျည်အများအပြား ရုရှားကို လျှို့ဝှက်စွာ ပို့ဆောင် ပေးနေကြောင်း ၂၀၂၂ ခုနှစ်တုန်းက အမေရိကန်အစိုးရက စွပ်စွဲခဲ့ပါတယ်။

 

မြောက်ကိုရီးယားဟာ ရုရှားကို အမြောက်ကျည် ၁.၆ သန်းကျော် တင်ပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက် ပေါ်ခဲ့ပေမဲ့ မြောက်ကိုရီးယားရော ရုရှားနိုင်ငံကပါ အဲဒီသတင်းကို ငြင်းပယ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့လက ပြုံယမ်းခရီးစဉ်မှာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ ဟာ “တစ်နိုင်ငံ တိုက်ခိုက်ခံရရင် တခြားနိုင်ငံက ကူညီရမယ်ဆိုတဲ့အချက်တွေပါဝင်တဲ့” စစ်ရေးသဘောတူစာ ချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

 

Ref: N. Korean Soldiers Depart for Russia amid Ukraine War: Report

 

#PeopleMedia


Share this post