မြောက်ကိုရီးယားတပ်မတော်ကို စစ်ပွဲအတွက် အသင့်ပြင်ထားဖို့ ကင်ဂျုံအန်တိုက်တွန်း
PUBLISHED - August 10, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၀
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေမြင့်တက်လာတဲ့အတွက် မြောက်ကိုရီးယားတပ်မတော်ကို စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က တိုက်တွန်းလိုက်ပြီး နိုင်ငံရဲ့ခဲယမ်းထုတ် လုပ်တဲ့စက်ရုံတွေကို ခဲယမ်းတွေ တိုးမြှင့်ထုတ်လုပ်ထားဖို့ အမိန့်ပေးလိုက်ပါတယ်။
သြဂုတ်လ ၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံ ဗဟိုစစ်ကော်မရှင်အစည်းအဝေး ကျင်းပနေစဉ်အတွင်းမှာ ကိုရီးယားကျွန်းဆွယ်အရေး လက်ရှိအခြေအနေကို အကျဉ်းချုပ်ရှင်းပြရင်း စစ်ရေးအ ရပြင်ဆင်ထားဖို့ အခုလိုပြောကြားလိုက်တာဖြစ်ကြောင်း KCNA သတင်းဌာနက ကြသပတေးနေ့က ပြောပါ တယ်။
အင်အားကောင်းတဲ့တပ်မတော်တစ်ရပ်ကို တိုက်ပွဲဝင်အသင့်အနေအထားနဲ့ ပြင်ဆင်ထားဖို့ဆိုတာ ရန်သူရဲ့ နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်လာနိုင်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ စစ် ရေးဆိုင်ရာမဟာဗျူဟာမြောက်စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အဓိကကျတဲ့အကြောင်း အရာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်က ပြောပါတယ်။
တပ်မတော်တစ်ရပ်အင်အားကောင်းဖို့အတွက် လက်နက်/ခဲယမ်းစက်ရုံတွေမှာ အလွန်အရေးကြီးတဲ့တာဝန်ရှိ တာကို သဘောပေါက်တဲ့ကင်ဂျုံအန်က လက်နက်/ခဲယမ်းနဲ့ စစ်ပစ္စည်းအမျိုးမျိုးကို တိုးမြှင့်ထုတ်လုပ်ဖို့ အလေး ထားပြောကြားခဲ့ပါတယ်။
စစ်လက်နက်ပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့ နိုင်ငံ့ခေါင်းဆောင်က ရည်မှန်းချက်ချပေးခဲ့ကြောင်း KCNA သ တင်းဌာနကပြောပေမဲ့ အသေးစိတ်ထုတ်ပြန်ပြောကြားခြင်းမရှိပါဘူး။
အဲဒီ ဗဟိုစစ်ကော်မရှင်အစည်းအဝေးမှာပဲ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ဦးစီးဌာနအကြီးအကဲ ဗိုလ်ချုပ်ကြီး ပတ် ဆူလီကို ရာထူးက ဖြုတ်ချလိုက်ပြီး လက်ရှိကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး ရီယောင်ဂဲလ်နဲ့ အစားထိုး လိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ မကျင်းပခင် အခုလို ဗဟိုစစ်ကော်မ ရှင်အစည်းအဝေးကျင်းပခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်ကျင်းပတာဟာ ဖေဖော်ဝါရီလကတည်းက စတုတ္ထအကြိမ် မြောက် အစည်းအဝေးကျင်းပခဲ့တာဖြစ်ပါတယ်။
မကြာသေးခင်ကကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ ရုရှားနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေတက်ရောက် ခဲ့ပြီးနောက် မြောက်ကိုရီးယားအစိုးရက ၎င်းတို့နိုင်ငံရဲ့ စစ်အင်အားကို ထုတ်ဖော်ပြသချင်ပုံရတယ်လို့ ဆိုပါ တယ်။
ဗဟိုစစ်ကော်မရှင်အစည်းအဝေးမှာ တခြားအကြောင်းအရာတွေဆွေးနွေးခဲ့သလို စက်တင်ဘာလ ၉ ရက်နေ့မှာ ကျရောက်မယ့် မြောက်ကိုရီးယားနိုင်ငံထူထောင်မှု ၇၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနား အတွက် ကြိုတင်ပြင်ဆင်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။
Ref: North Korea’s Kim urges army to prepare offensively for possible war
#PeopleMedia