မြောက်ကိုရီးယားတွေ စစ်ပွဲမှာပါဝင်တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်လက်နက်တွေ ယူကရိန်းအသုံးပြုနေ တာကို နောက်ထပ် ကန့်သတ်တားမြစ်တော့မှာမဟုတ်ကြောင်း ပင်တဂွန်ပြော

PUBLISHED - October 29, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၉
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှား-ယူကရိန်း စစ်ပွဲမှာပါဝင်တိုက်ခိုက်လာတယ်ဆိုရင် အမေရိကန်လက်နက်တွေ ကို ယူကရိန်းနိုင်ငံက အသုံးပြုတာတွေကို အမေရိကန်နိုင်ငံက ထပ်မံတားဆီးကန့်သတ်တော့မှာမဟုတ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့ (အောက်တိုဘာ ၂၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
စစ်ပွဲအာရုံစိုက်မှုတွေက အရှေ့အလယ်ပိုင်းကို ရွှေ့ပြောင်းသွားသည့်တိုင်အောင် နှစ်နှစ်ခွဲကျော်ကြာမြင့်လာပြီ ဖြစ်တဲ့ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတွေ ပါဝင်ပတ်သက်လာမှုဟာ အနောက်နိုင်ငံတွေကို ပိုမိုစိုးရိမ်လာ စေပါတယ်။
“ရုရှားနဲ့ မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအရှိန်မြင့်လာတာဟာ အင်ဒို-ပစိဖိတ်ဒေသအတွက် ရော ဥရောပ-အတ္တလန်တိတ်လုံခြုံရေးအတွက်ပါ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါတယ်။” လို့ မြောက်ကိုရီးယားတပ် ဖြန့်ချထားမှုအကြောင်းကို တောင်ကိုရီးယားကိုယ်စားလှယ်တွေနဲ့ ပြောဆိုပြီးနောက် နေတိုးအဖွဲ့အတွင်းရေးမှူး ချုပ် မာ့ခ်ရူးတာ့က သတင်းထောက်တွေကို ပြောပါတယ်။
အခုလို မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားမှာ ရောက်ရှိ တပ်ဖြန့်ချထားတာဟာ အလွန်အန္တရာယ်ကြီးတယ် လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀၀၀၀ ဝန်းကျင် ရုရှားအရှေ့ပိုင်းမှာရောက်ရှိ သင်တန်းတက်ရောက်နေပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နောက်ဆုံးအသုတ် ၃၀၀၀ ရောက်ရှိလာကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
“အဲဒီမြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေထဲက အစိတ်အပိုင်းတစ်ခုဟာ ယူကရိန်းနယ်စပ်အနီးမှာရောက်ရှိနေတဲ့ အတွက် အဲဒီတပ်တွေကို ယူကရိန်းတပ်ဖွဲ့ဝင်တွေကို တိုက်ထုတ်မယ့် ရုရှားရဲ့ ကာ့စ်ခ်ဒေသ စစ်ဆင်ရေးမှာ အ သုံးပြုသွားမှာကို ကျွန်မတို့ စိုးရိမ်နေပါတယ်။” လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဆာဘရီနာဆင်းက ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရောက်ရှိနေတာနဲ့ ပတ်သက်ပြီး ကနဦးက သတင်းအတုအဖြစ်ပြောဆိုရင်း ရုရှား အစိုးရက ငြင်းဆိုခဲ့ပေမဲ့ ပြီးခဲ့တဲ့ကြာသပတေးနေ့ကတော့ သမ္မတပူတင်က ငြင်းဆိုခြင်းမရှိတော့ဘဲ “မြောက်ကို ရီးယားနဲ့ မဟာမိတ် စာချုပ်တစ်ရပ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ” ရုရှားနိုင်ငံရဲ့ အလုပ်ဖြစ် တယ်လို့ ပြောပါတယ်။
ယူကရိန်းက ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ ထိုးဖောက်တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အနောက်အုပ်စုက ကူညီနေ မယ်ဆိုရင် အဲဒီလုပ်ရပ်ဟာ နေတိုးအဖွဲ့က ဒီစစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်လာတယ်လို့ ယူဆမှာဖြစ်ပြီး အဲ ဒီဆောင်ရွက်မှုတွေအတိုင်း လိုအပ်သလို တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတပူ တင်က ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားနိုင်ငံမှာရောက်ရှိနေတဲ့ကိစ္စကို မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အတည်ပြုပြောကြားခြင်းမရှိပေမဲ့ အဲဒီလို ရောက်ရှိနေတယ်ဆိုရင်လည်း နိုင်ငံတကာစည်းမျဉ်း နဲ့အညီ ရောက်ရှိနေတာဖြစ်တယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယား ရှေ့ပြေးတပ်ဖွဲ့တစ်ဖွဲ့ဟာ ရုရှားကာ့စ်ခ်ဒေသမှာ ရောက်ရှိနေပြီးဖြစ်ကြောင်း ပြီးခဲ့တဲ့ကြာသပ တေးနေ့က ယူကရိန်းစစ်ထောက်လှမ်းရေးက ပြောပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ ကာ့စ်ခ်ဒေသမှာရောက်ရှိနေတယ်ဆိုတဲ့သတင်းကို အတည်ပြုပြောကြားဖို့အ တွက် ပင်တဂွန်စစ်ဌာနချုပ်က ငြင်းပယ်ခဲ့ပါတယ်။
မြောက်ကိုရီးယားတပ်တွေ အခုလို ရောက်ရှိတပ်ဖြန့်ချထားတယ်ဆိုတာဟာ ရုရှားနိုင်ငံဘက်မှာ ထိခိုက်ကျဆုံးမှု တွေများပြားနေတဲ့လက္ခဏာဖြစ်ကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် မာ့ခ်ရူးတာ့က ပြောပါတယ်။
“ရုရှား-ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်ဖွဲ့ဝင် ၆၀၀၀၀၀ ကျော် ထိခိုက်ကျဆုံးခဲ့ပြီးဖြစ်တဲ့အတွက် ပူတင်အနေနဲ့ နိုင်ငံ ခြားအကူအညီမပါဘဲ ဒီစစ်ပွဲကို ဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိပါဘူး။” လို့ မာ့ခ်ရူးတာ့က ပြောပါတယ်။
Ref: No new limits on Ukraine’s use of US arms if North Korea joins Russia’s fight, Pentagon says
#PeopleMedia