မြောက်ကိုရီးယားနိုင်ငံထဲကို ဒရုန်းတွေစေလွှတ်တဲ့အတွက် တောင်ကိုရီးယားကို မြောက်ကိုရီးယား ပြစ်တင်ဝေဖန်

PUBLISHED - October 28, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၈
မြောက်ကိုရီးယားနိုင်ငံထဲကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဒရုန်းတွေ စေလွှတ်ခဲ့တာဟာ နိုင်ငံရဲ့ အချုပ်အခြာအာ ဏာကို ချိုးဖောက်တာဖြစ်ကြောင်း ပြောဆိုရင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တောင်ကိုရီး ယားစစ်တပ်ကို ပြစ်တင်ဝေဖန်လိုက်ကြောင်း KCNA (ကိုရီးယားဗဟိုသတင်းဌာန) က တနင်္လာနေ့ (အောက်တို ဘာ ၂၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားဒရုန်းတွေဟာ အခုလအတွင်း ပြုံယမ်းမြို့ပေါ်ကို သုံးကြိမ်ထက်မနည်းပျံဝဲခဲ့ပြီး မြောက်ကိုရီး ယားဆန့်ကျင်ရေး ဝါဒဖြန့်စာရွက်တွေ ကြဲချခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အလားတူ KCNA သတင်းဌာနကလည်း ပျက်ကျထားတဲ့ တောင်ကိုရီးယားဒရုန်းတစ်စင်းရဲ့ပုံကို ထုတ်လွှင့်ပြသ ခဲ့ပါတယ်။ ဒရုန်းပျံသန်းမှုထိန်းချုပ်ရေးစီမံချက်တစ်ခုဆောင်ရွက်နေစဉ်အတွင်း ၂၀၂၃ ခုနှစ် ဇွန်လကတည်းက လေယာဉ် ပျံသန်းမှု ၂၃၀ ကျော်ကို တွေ့ရှိခဲ့ရကြောင်း မြောက်ကိုရီးယားအာဏာ ပိုင်တွေက ပြောပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့က အဆိုပါဒရုန်းဟာ တောင်ကိုရီးယားနယ်စပ် Baengnyeongdo ကျွန်းပေါ်ကနေ ညသန်းခေါင်ကျော်မှာပျံသန်းလာပြီး ပြုံယမ်းမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ကာကွယ်ရေးဝန်ကြီးဌာနအဆောက် အဦတွေပေါ်မှာ ဝါဒဖြန့်စာရွက်တွေ ကြဲချသွားခဲ့တာကို တွေ့ရှိရကြောင်း ဒရုန်းထိန်းချုပ်ရေးမှတ်တမ်းတွေအရ သိရတယ်လို့ မြောက်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ချက်ချက်းတုံ့ပြန်ပြောကြားခြင်းမရှိပေမဲ့ ပြုံယမ်းအစိုးရရဲ့ တစ် ဖက်သတ်ပြောဆိုမှုတွေဟာ အတည်ပြုဖို့ဖြစ်စေ တုံ့ပြန်ဖို့ဖြစ်စေ မထိုက်တန်ပါဘူးလို့ ပြောပါတယ်။
အခုလို အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားလာမယ်ဆိုရင် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်တိုက်ခိုက်ရလိမ့်မယ်လို့ မြောက်ကိုရီးယားပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလက မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ကို အမှိုက်တွေ ထည့်သွင်းထားတဲ့ မိုးပျံပူဖောင်း တွေ လွှတ်တင်ခဲ့သလို တောင်ကိုရီးယားကလည်း လောက်စပီကာဝါဒဖြန့်အစီအစဉ်ကို ပြန်လည်စတင်ခဲ့တဲ့အ တွက် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့ တပ်ဖွဲ့ဝင် ၃၀၀၀ စေလွှတ်ခဲ့တဲ့အတွက် တင်းမာမှုတွေ ပိုမိုမြင့်တက်စေမှာဖြစ်တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်အစိုးရတို့က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားကတော့ ၎င်းတို့တပ်ဖွဲ့ဝင်တွေကို ရုရှားကို စေလွှတ်တာဟာ နိုင်ငံတကာဥပဒေနဲ့ ညီညွတ် တယ်လို့ ပြီးခဲ့တဲ့သောကြာနေ့ (အောက်တိုဘာ ၂၅ ရက်နေ့) က ပြောပါတယ်။
Ref: North Korea blames South’s military for drone intrusion
#PeopleMedia