• Follow Us on
Latest News

Home မြောက်ကိုရီးယားသူလျှိုဂြိုဟ်တုထိန်းချုပ်ရေးဌာန စစ်ထောက်လှမ်းရေးအဖွဲ့အစည်းအဖြစ် တာဝန်ထမ်းဆောင် သွားမည်

မြောက်ကိုရီးယားသူလျှိုဂြိုဟ်တုထိန်းချုပ်ရေးဌာန စစ်ထောက်လှမ်းရေးအဖွဲ့အစည်းအဖြစ် တာဝန်ထမ်းဆောင် သွားမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၄

 

မြောက်ကိုရီးယားက အသစ်လွှတ်တင်လိုက်တဲ့ သူလျှိုဂြိုဟ်တုကို ထိန်းချုပ်ဆောင်ရွက်နေတဲ့ရုံးဟာ စစ် ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရ မီဒီယာက တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

မြောက်ကိုရီးယားအစိုးရဟာ ပြီးခဲ့တဲ့လတုန်းက ကမ္ဘာပတ်လမ်းကြောင်းထဲကို သူလျှိုဂြိုဟ်တုတစ်စင်း အောင် မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ စစ်စခန်းတွေကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ကြောင်း ကြေ ညာခဲ့ပါတယ်။

 

မြောက်ကိုရီးယားက ၎င်းတို့သူလျှိုဂြိုဟ်တုက ဓာတ်ပုံရိုက်ယူရရှိခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသ ခြင်းလုံးဝမရှိပေမဲ့ ၎င်းတို့ရဲ့ဂြိုဟ်တုကို တိုက်ခိုက်လာခဲ့ရင် မြောက်ကိုရီးယားကို စစ်ကြေညာတယ်လို့ သတ် မှတ်မှာဖြစ်ကြောင်း စနေနေ့က သတိပေးပြောကြားခဲ့ပါတယ်။

 

အသစ်ဖွဲ့စည်းလိုက်တဲ့ “ကင်းထောက်ဂြိုဟ်တုစစ်ဆင်ရေးရုံး” ဟာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင်တာဝန်ထမ်း ဆောင်နေပြီဖြစ်ပြီး “လွတ်လပ်တဲ့စစ်ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ရပ်” အဖြစ် တာဝန်ထမ်းဆောင်သွား မှာ ဖြစ်ကြောင်း အစိုးရပိုင်ကိုရီးယားဗဟိုသတင်းဌာန KCNA က ပြောပါတယ်။

 

“ကင်းထောက်ဂြိုဟ်တုစစ်ဆင်ရေးရုံး” ဟာ ရရှိတဲ့သတင်းအချက်အလက်တွေကို တပ်မတော်ကြည်းကင်း ထောက်ဗျူရိုဌာနနဲ့ တခြားအဓိကစစ်ဆင်ရေးဌာနတွေကို တင်ပြသွားမှာဖြစ်ကြောင်း KCNA က ပြောပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်မှုတွေ မလုပ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် တွေအရ တားမြစ်ပိတ်ပင်ထားပါတယ်။

 

တပြိုင်တည်းမှာပဲ အာကာသဂြိုဟ်တုလွှတ်တင်ရေးစွမ်းရည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်ရေးနည်းပညာတွေ ဟာ ပညာရပ်ချင်း မျှဝေသုံးစွဲလို့ရနေတယ်လို့ ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

 

အခုလို ကမ္ဘာပတ်လမ်းကြောင်းထဲကို သူလျှိုဂြိုဟ်တုတစ်စင်းလွှတ်တင်ပြီး အလုပ်လုပ်နိုင်တာဟာ မြောက်ကိုရီး ယားရဲ့ ထောက်လှမ်းရေးသတင်းရယူနိုင်စွမ်း အထူးသဖြင့် တောင်ကိုရီးယားနဲ့ ပတ်သက်တဲ့သတင်းတွေရယူ နိုင်စွမ်းကို မြှင့်တင်ပေးလိုက်သလို စစ်ရေးအရပဋိပက္ခဖြစ်လာခဲ့ရင်လည်း အရေးကြီးသတင်းအချက်အလက် တွေကို ရယူနိုင်တော့မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံဟာ သူလျှိုဂြိုဟ်တု ၂ စင်းအထိ လွှတ်တင်ခဲ့ရာ မအောင်မြင်ဘဲ အခု “Malligyong-1” လို့ အမည်ပေးထားတဲ့ တတိယမြောက်ဂြိုဟ်တုလွှတ်တင်တဲ့အခါကျမှသာ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တာဖြစ် ပါတယ်။

 

မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံအတွက် စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တဲ့ အတွက် အပြန်အလှန်အားဖြင့် ရုရှားအစိုးရက ပေးခဲ့တဲ့ နည်းပညာအကူအညီတွေကို ရယူနိုင်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

 

Ref: N. Korea Spy Satellite Operator to Report Findings to Military: KCNA

 

#PeopleMedia


Share this post