မြောက်ဒဂုံမြို့နယ်၌ EV ယာဉ်တစ်စီးအားသွင်းနေစဉ် မီးလောင်မှုဖြစ်ပွားမှုသည် ကာယကံရှင်ကြောင့်သာ ဖြစ်ကြောင်း ကုမ္ပဏီရှင်းလင်း
PUBLISHED - October 6, 2023
နေပြည်တော်၊ အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၃၁ ရပ်ကွက် သခင်ဗစိန်လမ်းတွင် အောက်တိုဘာလ ၅ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က လျှပ်စစ်ကား EV ယာဉ် အားသွင်းနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့မှုသည် ကာယကံရှင်ကြောင့်သာဖြစ်ကြောင်း ကုမ္ပဏီဘက်က ယနေ့ ရှင်းလင်းလိုက်သည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် နှစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုမှာ အင်ဂျင်ပါ သည့် လျှပ်စစ်ကားကို အားသွင်းနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် (3S/——–) EV ယာဉ်တွင် Customer မှ မိမိသဘောဖြင့် (660 cc) အင်ဂျင်နှင့် ဂီယာဘောက် တပ်ဆင်ပြီး၊ Battery Charging သွင်းသည့်စနစ်နှင့် ဝါယာရိန်း စနစ်အား ပြောင်းလဲတပ်ဆင် အသုံးပြုထားသည်ကိုတွေ့ရှိရကြောင်း၊ အဆိုပါယာဉ် မီးလောင်မှုဖြစ်စဉ်တွင် Company ၏ မူလထုတ်လုပ်မှု ပုံစံ ချို့ယွင်းချက် တစ်စုံတစ်ရာကြောင့် မဟုတ်ဘဲ မိမိသဘောဖြင့် ပြောင်းလဲတပ်ဆင်မှုမှတဆင့် မီးလောင်မှု ဖြစ်ပွားခြင်းသာဖြစ်ပါကြောင်း KSD Myanmar မှ ထုတ်ပြန်ထားသည်။
#PeopleMedia