မြောက်ဥက္ကလာပနှင့် မှော်ဘီတို့တွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူထိခိုက်မှုမရှိ
PUBLISHED - April 6, 2024
နေပြည်တော်၊ ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ယမန်နေ့ ပေါက်ကွဲမှုများဖြစ်ပွား ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်၊ ဥဇ္ဇနာလမ်း၊ ဥဇ္ဇနာမေတ္တာပေါင်းကူးတံတားအနီးတွင် ဧပြီလ ၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ အချိန်က ပေါက်ကွဲမှုဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာအား လုံခြုံရေးအဖွဲ့ကစစ်ဆေးရာ ၁၀ ပေခန့်အရှည်ရှိ ဥဇ္ဇနာမေတ္တာပေါင်းကူး တံတားနှင့် ပေ ၂၀ အကွာ ယခင်ကလမ်းခင်းစဉ်လမ်းအလုပ်သမားများနားသည့် လမ်းဘေးတဲအနီးပေါက်ကွဲ ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူပစ္စည်းထိခိုက်မှုမရှိကြောင်း သိရသည်။
ဆက်လက်ပြီး ဧပြီလ ၅ ရက်ည ၈ နာရီ ၄၀ နာရီအချိန်က မှော်ဘီမြို့နယ်၊ (၄) ရပ်ကွက်၊ ရန်ကုန်-ပြည်ကား လမ်း၊ မီးရထားဘူတာကွေ့အနီးတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာအား လုံခြုံရေးအဖွဲ့ကစစ်ဆေးရာ ရန်ကုန်-ပြည်ကားလမ်းဘေး၊ မီးရထားဘူတာ ကွေ့၊ ရထားသံလမ်းကူး အချက်ပြကင်းတဲအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပေါက်ကွဲမှုကြောင့် အချက်ပြကင်းတဲအောက်ခြေ၌ အနည်ငယ် ပျက်စီးခဲ့ကြောင်း သိရသည်။
#PeopleMedia