• Follow Us on
Latest News

Home မြောက်ဥက္ကလာပမြို့နယ်တွင် နေအိမ်တစ်ခုကို လူတစ်စုဓားပြဝင်တိုက်ပြီး ရွှေ ၇ ကျပ်သားနှင့် ငွေကျပ် ၈၉ သိန်းအား လုယက်သွား

မြောက်ဥက္ကလာပမြို့နယ်တွင် နေအိမ်တစ်ခုကို လူတစ်စုဓားပြဝင်တိုက်ပြီး ရွှေ ၇ ကျပ်သားနှင့် ငွေကျပ် ၈၉ သိန်းအား လုယက်သွား

Share this post

နေပြည်တော်၊ ဩဂုတ် ၅

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ သုမာလာ ၇ လမ်းရှိ နေအိမ်တစ်ခုကို သြဂုတ်လ ၄ ရက် မွန်းလွဲ ၂ နာရီကျော်အချိန်က လူတစ်စုက ဓားပြဝင်တိုက်ပြီး ရွှေ ၇ ကျပ်သားနှင့် ငွေကျပ် ၈၉ သိန်းအား လုယက်သွားကြောင်း သိရသည်။

 

မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ သုမာလာ ၇ လမ်းနေ လျှပ်စစ်ပစ္စည်းရောင်းချသူ ဒေါ်နွဲနွဲကြည် ၆၉ နှစ်၏ နေအိမ်အတွင်းသို့ အမည်စိစစ်ဆဲ အမျိုးသား ၃ ဦးရောက်ရှိလာခဲ့ပြီး ဒေါ်နွဲနွဲကြည်နှင့် အမျိုးသမီး ၁ ဦး တို့အား ဓားများဖြင့်ထောက်ကာ ပါးစပ်အား တိတ်ဖြင့်ပတ်ပြီး လက်အား ပလပ်စတစ်ကြိုးဖြင့် ချည်နှောင်၍ နေအိမ်အတွင်းရှိ ရွှေ ၇ ကျပ်သားနှင့် ငွေကျပ် ၈၉ သိန်းတို့အား လုယက်ယူဆောင်သွားကြောင်း သိရသည်။

 

#PeopleMedia


Share this post