မြောက်ဥက္ကလာပမြို့နယ်ရှိ ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနဝန်းအတွင်း Hydrochloric Acid ယိုစိမ့်မှုဖြစ်ပွား
PUBLISHED - October 24, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ် သတ္တုရှာဖွေရေးဦးစီးဌာနဝန်းအတွင်းတွင် ယနေ့ မွန်းလွဲ၊ ၁ နာရီအချိန်ခန့်၊ Hydrochloric Acid ယိုစိမ့်မှုဖြစ်ပွား ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနဝန်းအတွင်းတွင် Hydrochloric Acid ယိုစိမ့်မှုဖြစ်ပွား ကြောင်း သတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၁နာရီ ၅၂ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
#PeopleMedia