မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ(ဌ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မပေါက်သေးသည့် လက်ပစ်ဗုံးတွေ့ရှိ

PUBLISHED - November 13, 2023
နေပြည်တော်၊ နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ(ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံတွင် ယမန်နေ့ ညနေ ၆ နာရီချိန်က မပေါက်သေးသည့် လက်ပစ်ဗုံးတွေ့ရှိရကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ (ဌ) ရပ်ကွက်၊ ဝေဘာဂီလမ်းရှိ (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ပေ ၂၀ အကွာ ဝေဘာဂီလမ်းမကြီးဘေး၌ တရုတ်ထုတ် ၉၁ အမျိုးအစား လက်ပစ်ဗုံး တွေ့ရှိရသဖြင့် အတားအဆီးများ ပြုလုပ်၍ ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။
#PeopleMedia