မြောက်ဦးမြို့နယ်အတွင်းရှိ ရုံး/ဌာနပိုင်မော်တော်ယာဉ်များအား AA အကြမ်းဖက်အဖွဲ့က အတင်းအဓမ္မ လာ ရောက်ယူဆောင်
PUBLISHED - December 4, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ရုံး/ဌာနပိုင် မော်တော်ယာဉ်များအား AA အကြမ်းဖက်အဖွဲ့က အတင်းအဓမ္မလာရောက် ယူဆောင်သွားကြောင်း သိရသည်။
AA အကြမ်းဖက်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ် ကွက်ရှိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ ဌာနပိုင်မော်တော်ယာဉ် ၂ စီးအားလည်းကောင်း၊ နိုင်ဝင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်ရှိ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ကမ္ဘာ့ အမွေအနှစ်စီမံခန့်ခွဲရေးရုံးရှိ ဌာနပိုင် မော်တော်ယာဉ် ၃ စီးတို့အားလည်းကောင်း၊ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဦး-စစ်တွေ ကားလမ်းမကြီးဘေးရှိ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် မော် တော်ယာဉ် ၂ စီးအားလည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဦးမြို့ ခရိုင်သာ သနာရေးဝန်ကြီးဌာနပိုင် မော်တော်ယာဉ် ၁ စီး အားလည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီခွဲခန့်တွင် မြောက်ဦးမြို့ ခရိုင်ရွေးကောက်ပွဲရုံးရှိ ဌာနပိုင်မော်တော်ယာဉ် ၁ စီး၊ စုစုပေါင်း မော်တော်ယာဉ် ၉ စီးအား လက် နက်ငယ်ကိုယ်စီကိုင်ဆောင်ကာ အတင်းအဓမ္မ လာရောက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
AA အကြမ်းဖက်အဖွဲ့အနေဖြင့် အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ရေးနှင့် သက် ဆိုင်ခြင်းမရှိသည့် နိုင်ငံတော်ပိုင် ပစ္စည်းများအား ယခုကဲ့သို့ အတင်းအဓမ္မလာရောက်ယူဆောင်ခြင်းဖြစ်ပြီး ဒေသတွင်းတည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူလူထုတို့၏ လူမှု စီးပွားဘဝများစွာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတည် ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia