• Follow Us on

Home မြောက်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၂၅၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေး

မြောက်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၂၅၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေး

Share this post

နေပြည်တော်၊ ဩဂုတ် ၉

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်း တွင် ပန်းဈေးမြောင်းချောင်း၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ လက်ကောက်ဈေးရပ်ကွက်ရှိ ဆင်ချဆိပ်ရွာသစ်၊ ဆင်ချဆိပ်ရွာဟောင်းနှင့် မြတန်ဆောင်းတိုက်ပွဲရှောင်စခန်းများသို ရေများဝင်ရောက်လာသဖြင့် နယ်မြေခံ တပ်မတော်သားများနှင့် မြိုနယ်တာဝန်သူများက အဆိုပါနေရာ၌ နေထိုင်သည့် ဒေသခံပြည်သူများကို ဘေး လွတ်ရာသို့ ပြောင်းရွှေ့ကူညီပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပြောင်းရွှေ့ကူညီပေးရာတွင် ဆင်ချဆိပ်ရွာသစ်နေ အိမ်ထောင်စု ၂၆ စုအား မြောက်ဦးမြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့လည်းကောင်း၊ ဆင်ချဆိပ်ရွာဟောင်းနေ အိမ်ထောင်စု ၅ စုအား ဆင်ချဆိပ်(မူလွန်) ကျောင်းသို့ လည်းကောင်း၊ မြတန်ဆောင်းတိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု ၂၂၃ စုအား မြတန်ဆောင်းဘုန်း ကြီးကျောင်းဝန်းနှင့် မြောက်ဦးမြို့ပေါ်ရပ်ကွက်ရှိ နီးစပ်ရာဆွေမျိုးများနေအိမ်သို့လည်းကောင်း အသီးသီး ရွှေ့ ပြောင်းပေးခဲ့ကြောင်း သိရသည်။

 

ထို့အတူ ကစ္ဆပနဒီမြစ်ရေ မြင့်တက်လာမှုကြောင့် ကျောက်တော်မြို့နယ်၊ ကျောက်တစ်လုံးကျေးရွာနှင့် မူးချောင်း ကျေးရွာများသို့ ရေများဝင်ရောက်လာသဖြင့် ကျောက်တစ်လုံးကျေးရွာမှ အိမ်ခြေ ၁၅ဝ စု၊ မူးချောင်းကျေးရွာမှ အိမ်ခြေ ၅၅ စု၊ စုစုပေါင်းလူဦးရေ ၇၅ဝ ဦးတို့သည် ကျောက်တစ်လုံးကျေးရွာဘုန်းကြီးကျောင်းသို့ ၎င်းတို့အစီ အစဉ်ဖြင့် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post