မြောက်ဦးမြို့နယ် ရဲစခန်းအတွင်း စခန်းချနေထိုင်သည့် စစ်သွေးကြွ AA အဖွဲ့ဝင်များကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း

PUBLISHED - March 18, 2025
နေပြည်တော်၊ မတ် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းတောင်းဈေးအနီးရှိ ရဲစခန်းအတွင်း စခန်းချနေထိုင်သည့် စစ်သွေးကြွ AA အဖွဲ့ဝင်များကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းလိုက်သည်။
ယနေ့ မတ်လ (၁၈)ရက် နံနက် (၂)နာရီအချိန်က ပန်းတောင်းဈေးအနီးရှိ အမှတ် (၃၁) ရဲစခန်းတွင်း စခန်းချနေထိုင်သည့် စစ်သွေးကြွ AA အဖွဲ့ဝင်များကို တပ်မတော်မှ လေကြောင်းဖြင့် (၂)ကြိမ်တိုင် ဗုံး (၄)လုံး ကြဲချ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ တပ်မတော်မှ လေကြောင်းဖြင့်ရှင်းလင်းမှုကြောင့် ရဲစခန်းအတွင်း စခန်းချနေသည့် စစ်သွေးကြွ AA အဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
Photo-Credit
#PeopleMedia