• Follow Us on

Home မြောင်မြို့တွင် ကျောင်းဆရာတစ်ဦး သတ်ဖြတ်ခံရ

မြောင်မြို့တွင် ကျောင်းဆရာတစ်ဦး သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့၊ အလယ်ရပ်ကွက်တွင် နေထိုင်သည့် ကျောင်းဆရာတစ်ဦးကို PDF များမှ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၃ ရက်နေ့တွင် မြောင်မြို့ပေါ်ရှိ အလယ်ရပ်ကွက်သို့ PDF များရောက်ရှိလာပြီး ထိုရပ်ကွက် တွင် နေထိုင်သည့် ကျောင်းဆရာ ဦးသိန်းနိုင်ထွန်းကို PDF များမှ “စစ်ဆေးစရာရှိကြောင်း ခဏလိုက်ခဲ့ရန်၊ ဆရာကြီးကို ဆိုင်ကယ်ယူခဲ့ပါ” လို့ ပြောပြီး ဖမ်းဆီးခေါ်ဆောင်သွားပြီး သြဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် ဆရာ ကြီးကို သတ်ဖြတ်လိုက်ကြောင်း မိသားစုထံသို့ သတင်းရောက်ရှိခဲ့သည်။

 

ထိုသတ်ဖြတ်ခံရသည့် ကျောင်းဆရာ ဦးသိန်းနိုင်ထွန်းမှာ အလယ်ရပ်ကွက် အ-မ-က(၃) ကျောင်းတွင် ပညာ သင်ကြားသည့် ကျောင်းဆရာဖြစ်ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ သြဂုတ်လ ၆ ရက် နံနက် ၉:၄၅ အချိန်တွင် နွားထိုးကြီးမြို့၊ မြိုင်သာ အ-မ-က ကျောင်း တွင် ကျောင်းသား/သူများကို စာသင်ကြားနေသည့် ကျောင်းအုပ်ဆရာမကြီးကို PDF များမှ သေနတ်ဖြင့် ပစ် ခတ်သည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post