• Follow Us on

Home မြောင်မြို့တွင် နေအိမ်ခြံဝန်းထဲ၌ထိုင်သည့် ဇနီးမောင်နှံနှစ်ဦး ဗုံးစထိမှန်၍ ဒဏ်ရာရ

မြောင်မြို့တွင် နေအိမ်ခြံဝန်းထဲ၌ထိုင်သည့် ဇနီးမောင်နှံနှစ်ဦး ဗုံးစထိမှန်၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ တောင်ရပ်ကွက်တွင် နေအိမ်ခြံဝန်းထဲ၌ ထိုင်သည့် ဇနီးမောင်နှံနှစ်ဦး ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်တွင် PDF များမှ ဗုံးဖြင့်ပစ်ခတ်ရာ ထိုဗုံးမှာ နေအိမ်ခြံဝန်းဘေးသို့ ကျရောက်ပေါက်ကွဲပြီး ထိုခြံဝန်းထဲတွင် ထိုင်နေသည့် ဇနီးမောင်နှံနှစ်ဦးမှာ ဒဏ်ရာရရှိမူကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့များမှ သွား ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုဒဏ်ရာရရှိသည့် အသက်(၆၅) နှစ်အရွယ် ဦးကြိုင်မှာ ဘယ်ဘက်နားထင်/ ဘယ်ဘက်လက်ဖျံတ့ိုတွင်ဗုံး စထိမှန်ဒဏ်ရာ ၁ ချက်စီ (မစိုးရိမရ) ကြောင်း၊ ၎င်း၏ဇနီးဖြစ်သူ အသက်(၆၄) နှစ်အရွယ် ဒေါ်ခင်နွဲ့ရီတွင် ဝမ်း ဗိုက်/ဝဲ-ယာခြေသလုံးတို့တွင်ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်စီ (မစိုးရိမ်ရ) ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post