မြောင်မြို့တွင် PDF စခန်းနှင့်အတူ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

PUBLISHED - October 5, 2023
နေပြည်တော်၊ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ပိုက်သိမ်းကျေးရွာအနီးတွင် PDF များ၏ စခန်းနှင့်အတူ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရမိကြောင်း သိရသည်။
အောက်တိုဘာလ ၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များမှ မြောင်မြို့ရှိ ကျေးရွာတစ်ချို့အား နယ်မြေရှင်းလင်း ရေးဆောင်ရွက်နေစဉ်အတွင်း ပိုက်သိမ်းကျေးရွာအနီးတွင် PDF များ၏ စခန်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထိုသိမ်းဆည်းရရှိသည်များမှာ PDF များနေသည့် တဲ ၆ လုံး၊ လက်လုပ်စိန်ပြောင်း-၅လက်၊ လက်လုပ် ၁၂ bore ဆုံလည် – ၅လက်၊ လက်လုပ် ၁၂ bore တစ်တောင့်ထိုး- ၁ လက်၊ လက်လုပ် ၅.၅၆ -၂ လက်၊ လက်လုပ် 22- ၁ လက်၊ လက်လုပ် ၄၀- ၁ လက်နှင့်အတူ စိန်ပြောင်းဗုံးသီးမျိုးစုံ-၃၈ လုံးတို့ကို သိမ်းဆည်းရရှိကြောင်း သိရ သည်။
Photo – Credit
#PeoopleMedia