• Follow Us on
Latest News

Home မြောင်မြို့တွင် PDF များ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်များ သိမ်းဆည်းရမိ

မြောင်မြို့တွင် PDF များ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်များ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့၊ ပရိမ္မာကျေးအတွင်း PDF များ များသိုဝှက်သိမ်းဆည်းထား သည့် လက်နက်များကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ဇန်နဝါရီလ ၇ ရက် နံနက် ၅ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့များမှ ပရိမ္မာကျေးရွာအတွင်းသို့ သွားရောက် စစ်ဆေးရာတွင် လက်နက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထိုသိမ်းဆည်းရရှိသည်များမှာ လက်လုပ်ပြောင်းချောသေနတ်(အရှည်) ၅ လက်၊ လက်လုပ်သေနတ်(ပြောင်း ပိုင်း)အရှည် ၄ ခု၊ သစ်သားသေနတ်ဒင်(ပြုလုပ်ဆဲ) ၉ ခု၊ လက်လုပ်ကျည်အိမ် ၃ ခု၊ လက်လုပ် သေ နတ်ကိုယ် ထည်အစိတ်အပိုင်း ၈ ခု၊ ဖောက်စက် ၂ ခု၊ ပြောက်ကျားယူနီဖောင်း ၁ စုံ၊ ပြောက်ကျား ဦးထုပ် ၂ လုံး၊ လက် လုပ်ပစ္စတိုပြုလုပ်သည့်အစိတ်အပိုင်း ၁၄ ခု နှင့် စက်ပရိန်အသေး ၇ ချောင်းတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

 

Photo – Credit

 

#PeopleMedia


Share this post