• Follow Us on

Home မြောင်မြို့တွင် PDF (၃) လောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မြောင်မြို့တွင် PDF (၃) လောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ မတ် ၁

 

စစ်ကိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ မကျီးကန်ကျေးရွာအနီးတွင် PDF (၃) လောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

မတ်လ၁ရက်နံနက် ၂ နာရီကျော်တွင် လုံခြုံရေးတပ်ဖွဲ့မှ မြောင်မြို့နယ်ရှိ ကျေးရွာတစ်ချို့ကို နယ်မြေရှင်းလင်း ရေးဆောင်ရွက်နေစဉ် မကျီးကန်ကျေးရွာအနီးတွင် PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့အပြန်အလှန်ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

 

ထိုပစ်ခတ်ရာတွင် PDF အလောင်း (၃)၊ M-22 သေနတ် ၁ လက်၊ M-22 ကျည် ၁၂၃ တောင့်၊ M-22 ကျည် အိမ် ၂ ခု၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၂ လုံးနှင့် MS-PDF တံဆိပ်ပါ (အနီရောင်အလံ) ၁ ထည်တို့ကို လုံခြုံရေးတပ်ဖွဲ့မှသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post