• Follow Us on

Home မြောင်မြို့နယ်တွင် PDF ၁ ဦးအား အသေဖမ်းဆီးရမိ

မြောင်မြို့နယ်တွင် PDF ၁ ဦးအား အသေဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးတွင် သြဂုတ် ၃ ရက်နေ့က PDF ၁ ဦးအား အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့များကို မိုင်းဆွဲတိုက်ခိုက်ရန်စောင့်နေသည့် PDF များကို လုံခြုံရေးအဖွဲ့က ဦးစွာတွေ့ရှိပြီး ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

ထိုသို့  ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF ၁ ဦးကို လက်လုပ်ပစ္စတို ၁ လက်၊ ၉ မမကျည် ၂ တောင့်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ M-22 ကျည် ၁၇ တောင့်တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post