မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ကြေညာ
PUBLISHED - September 10, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၀
မွန်ညီညွတ်ရေးပါတီ(Mon Unity Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) မှ ကြေညာလိုက်သည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် ၁၉ လမ်း အိမ်အမှတ် ၁၆ တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိ သော မွန်ညီညွတ်ရေးပါတီ(Mon Unity Party) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာထားသည်။
မွန်ညီညွတ်ရေးပါတီ(Mon Unity Party) ၏ မှတ်ပုံတင်အမှတ်မှာ ၅၂ ဖြစ်ပြီး၊ မွန်ညီညွတ်ရေးပါတီသည် ပါတီမှတ်ပုံတင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ၂၀၂၃ ခုနှစ် မတ်လအတွင်း လျှောက်ထားခဲ့ ခြင်းဖြစ်သည်။
မွန်ညီညွတ်ရေးပါတီသည် ၂၀၁၉ ခုနှစ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်းထားသည့် ပါတီတစ်ခုဖြစ်သည်။
#PeopleMedia