• Follow Us on

Home မွန်တိုးတက်ရေးပါတီအား နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုကြောင်း UEC ကြေညာ

မွန်တိုးတက်ရေးပါတီအား နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုကြောင်း UEC ကြေညာ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၅

 

မွန်တိုးတက်ရေးပါတီအား နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။

 

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယမန်နေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထား လာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် မွန်တိုးတက်ရေးပါတီသည် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယမန် နေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရသည်။

 

ပါတီတည်ထောင်ခွင့်ရရှိသော မွန်တိုးတက်ရေးပါတီ သည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

 

ယမန်နေ့အထိ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၁ ပါတီ ဖြစ်ကြောင်းနှင့် တည်ထောင်ခွင့်လျှောက်ထား သည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။

 

#PeopleMedia


Share this post