• Follow Us on

Home မွန်ပြည်နယ်တွင် PDF ထောက်ပို့၊ သတင်းပေးအဖြစ် လုပ်ကိုင်နေသည့် ထွေအုပ် ဒု-ဦးစီးမှူး အပါအဝင် (၄) ယောက်ဖမ်းမိ

မွန်ပြည်နယ်တွင် PDF ထောက်ပို့၊ သတင်းပေးအဖြစ် လုပ်ကိုင်နေသည့် ထွေအုပ် ဒု-ဦးစီးမှူး အပါအဝင် (၄) ယောက်ဖမ်းမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

 

မွန်ပြည်နယ်တွင် PDF ထောက်ပို့လုပ်ကိုင်နေသည့် သံဖြူဇရပ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး တစ်ယောက်အပါအဝင် (၄)ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ (၁၈)ရက် ညပိုင်းက သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်၊ စိမ့်စမ်းမြိုင် (၉)လမ်း၊ အမှတ်(၁၈) တွင် နေထိုင်သည့် သံဖြူဇရပ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးအောင်ကိုကို အသက် (၄၀) နှစ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

 

ဦးအောင်ကိုကို အနေဖြင့် အတွင်းသတင်းများနှင့် ဝန်ထမ်းများ၏ သတင်းအချက်အလက်များကို PDF အဖွဲ့များ ထံ ပေးပို့နေသည့်အတွက်ကြောင့် ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ဒီဇင်ဘာလ (၁၆)ရက် နံနက်က သထုံမြို့နယ်အခြေစိုက် ရှင်သန်ခြင်းတွဲလက် လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဒေါ်ချောစုစုထွေးကို သထုံမြို့နယ် သုဓမ္မဝတီမြို့သစ်ရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။ ဒေါ်ချောစုစုထွေးသည် PDF အဖွဲ့ဝင်များကို ထောက်ပို့လုပ်ငန်းများ လုပ်ကိုင်နေသည့်အတွက်ကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းနောက်တွင် သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်၊ ဖွားအုန်းစိန်လမ်း၊ အမှတ် (၁၅)တွင် နေထိုင်သည့် စလောင်းပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးဇင်လင်းနွယ် (ခ)ချန်ဒူးဝမ် အသက် ၄၁ နှစ်နှင့် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ မြိုင်မာလာလမ်းတွင် နေထိုင်သည့် စက်ပြင်အလုပ်လုပ်ကိုင်သူ ဦးဝင်းထိုက် အသက် ၄၈ နှစ်တို့အား PDF အဖွဲ့ဝင်များထံ သတင်းပေးပို့မှု ငွေကြေးထောက်ပံ့မှု၊ ဆေးဝါးနှင့် အစားအသောက်များ ထောက်ပံ့နေမှုတို့ကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

 

#PeopleMedia


Share this post