• Follow Us on
Latest News

Home မွန်ပြည်နယ်အတွင်း ပြည်သူများပုံမှန်သွားလာလျက်ရှိပြီး အဝေးပြေးယာဉ်လိုင်းများလည်း ပုံမှန်ပြေးဆွဲပေး လျက်ရှိကြောင်း နစကထုတ်ပြန်

မွန်ပြည်နယ်အတွင်း ပြည်သူများပုံမှန်သွားလာလျက်ရှိပြီး အဝေးပြေးယာဉ်လိုင်းများလည်း ပုံမှန်ပြေးဆွဲပေး လျက်ရှိကြောင်း နစကထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

 

မွန်ပြည်နယ်တွင် ဒီဇင်ဘာလအတွင်း စက်သုံးဆီပြတ်လပ်လာမှုနဲ့အတူ ဆီဝယ်ယူရခက်ခဲလာတာကြောင့် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းတချို့ ပြေးဆွဲမှုရပ်နားထားရသည်ဟု ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

အဆိုပါ သတင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံး တာဝန်ရှိသူတစ်ဦးမှ မွန်ပြည်နယ်အတွင်း ခရီးသွားပြည်သူများ ပုံမှန်သွားလာလျက်ရှိပြီး အဝေးပြေးယာဉ်လိုင်း များလည်း ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် အဝေးပြေးယာဉ်လိုင်းအချို့ ရပ်နားသည်ဆိုသည်မှာ သတင်းတု၊ သတင်းမှားသာဖြစ်ကြောင်း ပြောကြားချက်အရ သိရှိရကြောင်း ထုတ်ပြန်ထားသည်။

 

ပြည်ဖျက်မီဒီယာများမှ ပြည်သူလူထု လူမှုစီးပွားဘဝထိခိုက်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် အတွက် စက်သုံးဆီနှင့်ပတ်သက်၍ လူမှုကွန်ရက်များတွင် ကောလာဟလ သတင်းတု၊ သတင်းမှားများကို ထုတ်လွှင့်ကာ စိုးရိမ်ပူပန်စိတ်များဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူခြင်း၊ စုဆောင်းသိုလှောင်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတင်းတုများကို ရေးသားလှုံ့ဆော်နေခြင်းသာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post