မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းဖို့ ကြိုးပမ်းနေတဲ့ ထရမ့်ကို ဒီမိုကရက်ဦးဆောင်တဲ့ ပြည်နယ် ၂၂ ခုနဲ့ လူ့အခွင့်အရေးအုပ်စုတွေ တရားစွဲဆို

PUBLISHED - January 23, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃
မွေးရာပါနိုင်ငံသားဖြစ်ခွင့် (birthright citizenship) ကို ပြန်လည်ရုပ်သိမ်းဖို့ ကြိုးစားနေတဲ့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကို ဒီမိုကရက်တွေဦးဆောင်တဲ့ ပြည်နယ် ၂၂ ခုနဲ့ လူ့အခွင့်အရေးအုပ်စုတွေက စွဲချက်တွေ တပြုံတမကြီးနဲ့ တရား စွဲဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံတွင်း မွေးဖွားပေးမဲ့လည်း အဲဒီကလေးတွေရဲ့ မိခင်/ဖခင်ဟာ အမေရိကန်နိုင်ငံသားမဟုတ်ခဲ့ရင် ဒါမှမ ဟုတ် ဥပဒေနဲ့အညီနေထိုင်သူတဲ့ မဟုတ်ခဲ့ရင် အဲဒီကလေးတွေကို နိုင်ငံသားဖြစ်ခွင့်ပေးတာ ရပ်ဆိုင်းရမယ်လို့ အမေရိ ကန်အစိုးရဌာနတွေကို ဇန်နဝါရီ ၂၀ ရက်နေ့ (တနင်္လာနေ့) ကျမ်းကျိန်ပွဲအပြီးမှာ ရီပတ်ဘလီကန်သမ္မတဒေါ်နယ်ထရမ့် က ညွှန်ကြားခဲ့ပါတယ်။
သမ္မတထရမ့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ပြောဆိုပြီး ကိုလမ်ဘီယာဒိစတြိတ်နဲ့ ဆန်ဖရန်စ္စကို မြို့တော်ပါအပါအဝင် ဒီမိုကရက်တွေဦးဆောင်တဲ့ ပြည်နယ် ၂၂ ခုက ဘော်စတွန်မြို့နဲ့ ဆီယက်တဲလ်မြို့မှာရှိတဲ့ ဖက်ဒ ရယ်တရားရုံးတွေမှာ ထရမ့်ကို စွဲချက်တွေ တစ်သီကြီးနဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။
ထရမ့်က သမ္မတရုံးညွှန်ကြားချက်ကို လက်မှတ်ရေးထိုးလိုက်ပြီးနောက်မှာ အမေရိကန်လူ့အခွင့်အရေးလွတ်လပ်မှုသမဂ္ဂ၊ ရွှေ့ပြောင်းသွားလာသူများအဖွဲ့အစည်းများနဲ့ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးတို့ကလည်း အလားတူ တရားစွဲ ဆိုမှုနှစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ထရမ့်ရဲ့ ရွှေ့ပြောင်းသွားလာမှုတွေကို သိမ်းကြုံးနှိပ်ကွပ်နေတဲ့အပေါ် မကျေမနပ်ဖြစ်ပြီး အခုလို တရားစွဲဆိုလိုက်ကြ တာဖြစ်ပါတယ်။
ထရမ့်ရဲ့အမိန့်သာ အတည်ဖြစ်သွားခဲ့ရင် ပထမဦးဆုံးအကြိမ်အဖြစ် အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်မွေးဖွားနေတဲ့ ကလေးသူငယ် ၁၅၀၀၀၀ ကျော်ဟာ အလိုအလျောက်နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရမှာဖြစ်ကြောင်း မက်ဆာချူးဆက် ပြည်နယ် ရှေ့နေချုပ် အန်ဒရီယာဂျွိုင်းကန့်ဘဲလ် (Andrea Joy Campbell) က ပြောပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ပြဋ္ဌာန်းထားတဲ့ အခွင့်အရေးတွေကို သမ္မတထရမ့်အနေနဲ့ ပယ်ဖျက်ခွင့်မရှိပါဘူး။” လို့ ၎င်းက ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးဆုံးရှုံးသွားခဲ့ရင် အဲဒီကလေးငယ်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုအာမခံ ခံစားခွင့်လို ဖက်ဒရယ်အစိုးရရဲ့ အစီအစဉ်တွေကို ခံစားခွင့်ဆုံးရှုံးရမယ့်အပြင် ၎င်းတို့ ကြီးပြင်းလာချိန်မှာလည်း ဥပဒေနဲ့အညီ အ လုပ်လုပ်ကိုင်ခွင့်၊ မဲပေးခွင့်တွေ ဆုံးရှုံးရမှာဖြစကြောင်း ပြည်နယ်တွေက ပြောပါတယ်။
“ဒီကနေ့ ဆောင်ရွက်ခဲ့တဲ့ တရားစွဲဆိုမှုဟာ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေရယ်၊ သူတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ အခြေခံအခွင့်အရေးတွေရယ်ဘက်က ရပ်တည်သွားမယ်ဆိုတာ ထရမ့်အစိုးရကို ရှင်းရှင်းလင်းလင်း အ သိပေးလိုက်တာပဲဖြစ်ပါတယ်။” လို့ နယူးဂျာဆီပြည်နယ်ရှေ့နေချုပ် မက်သရူးပလက်ကင်န် (Matthew Platkin) က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ အီလွန်မတ်ဦးဆောင်မယ့် အစိုးရအရည်အသွေးထိန်းချုပ်ရေးဝန်ကြီးဌာနဖွဲ့စည်းခြင်းနဲ့ အစိုးရဝန်ထမ်းတွေကို အကာအ ကွယ်ပေးမှုလျှော့ချထားတဲ့ညွှန်ကြားချက်တွေမှာ လက်မှတ်ရေးထိုးခြင်းအပါအဝင် တခြားအမှုပေါင်းများစွာနဲ့လည်း ဒီမို ကရက်တွေဦးဆောင်တဲ့ပြည်နယ်တွေနဲ့ လူ့အခွင့်အရေးအုပ်စုတွေက တရားစွဲဆိုသွားဖို့ ပြင်ဆင်နေတယ်လို့ ခန့်မှန်းရ ပါတယ်။
Ref: 22 Democratic-led states sue over Trump’s birthright citizenship order
#PeopleMedia