မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးစားအားထုတ်ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ ပြောဆို
PUBLISHED - August 31, 2023
နေပြည်တော်၊ ဩဂုတ် ၃၁
မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးစားအားထုတ်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောဆိုသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်အမှာ စကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အစိုးရတစ်ရပ်၏တာဝန်မှာ နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတိုးတက် အောင်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်အောင်ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်ရန်၊ ပညာရေးကောင်းမွန်ရန် နှင့် အလုပ်အကိုင်များရရှိပြီး လူတိုင်းဝင်ငွေရရှိအောင်၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင် အောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တစ်ဦးချင်း ၏လူမှုစီးပွားဘဝများတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုး တက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူတစ်ဦး ချင်း၏ လူမှုစီးပွားဘဝတိုးတက်ရေးကို ဦး တည်ချက်ထား ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ရည်ရွယ်ချက်များချမှတ်၍ ဆောင်ရွက်ရန်လိုကြောင်း ပြောသည်။
ဆင်းရဲမွဲတေမှုလျှော့ချ၍ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအားဖြင့် ပညာရည်မြင့်မား နေရန်လိုကြောင်း၊ ယေဘုယျအားဖြင့် မြို့ပေါ်နေပြည်သူအများစုမှာ အတန်းပညာတတ်မြောက်မှုမြင့်မားပြီး ကျေးလက် ဒေသနှင့် အစွန်အဖျား နေရာများရှိပြည်သူများ၏ အတန်းပညာတတ်မြောက်မှုမှာ နည်းပါးနေ သေးကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများရှိ ပြည်သူများအတန်းပညာ တတ်မြောက်မှုမြင့်မားလာစေရေး ရည်ရွယ်ဆောင်ရွက်ရန်လိုကြောင်း၊ စာတတ်အောင်ပြုလုပ်ပြီးမှ အတန်းပညာမြင့်မားရေးကို ဆက်လက်လုပ် ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုသာမက ဝန်ဆောင်မှုလုပ်ငန်း များကိုလည်းဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါဝန်ဆောင်မှုလုပ်ငန်းတွင် ခရီးသွားလုပ်ငန်းလည်းပါဝင် ကြောင်း၊ ယခုအခါ ပြည်တွင်း၊ ပြည်ပခရီးသွားများများ ပြားလာပြီဖြစ်ကြောင်း၊ ခရီးသွားများ များပြားလာမှုနှင့် အညီ ခရီးသွားလုပ်ငန်းများအတွက်လိုအပ်သည့် တည်းခိုရေး၊ နေထိုင်စားသောက်ရေးနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများလည်း လည်ပတ်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ခရီးသွားလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်၍ နိုင်ငံအတွက် အကျိုးရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက်လည်း စားသောက်နေထိုင်မှုများ သပ်ရပ်ကောင်းမွန်နေစေရေး ဆောင်ရွက်ရန်လို ကြောင်း၊ မီဒီယာကဏ္ဍမှလည်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လူမှုကွန်ရက်များမှတစ်ဆင့် ခရီးသွား လုပ်ငန်းများအတွက် ဆွဲဆောင်မှုများရှိစေရေး ဆောင်ရွက်ရန်လို ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံ တကာအဆင့်မီ ဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်သွားရန်လိုကြောင်း၊ လာရောက်သည့် ခရီးသွားများ အနေဖြင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကောင်းများကို မြင်တွေ့သွားနိုင်ရေးနှင့် ဝန်ဆောင်မှုများကို ရရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာရှိသည် ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိ တို့အနေဖြင့် ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia