• Follow Us on

Home မှတ်ပုံတင်ခွင့်ပြုရန်လျှောက်ထားသည့်ပါတီ ၁၂ ပါတီအနက် ၉ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ်လျက်ရှိကြောင်း UEC ထုတ်ပြန်

မှတ်ပုံတင်ခွင့်ပြုရန်လျှောက်ထားသည့်ပါတီ ၁၂ ပါတီအနက် ၉ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ်လျက်ရှိကြောင်း UEC ထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၁၄

 

မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၂ ပါတီအနက် ပါတီ ၉ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

 

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယမန်နေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထား လာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၂ ပါတီကို တည်ထောင် ခွင့်ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၂ ပါတီအနက် ဖုံကြာဖူး (ခ) ဦးနေဝင်းမောင် ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက ပါတီတည်ထောင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယမန်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ပေးပါရန် လျှောက်ထားလာကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post