• Follow Us on

Home မှတ်ပုံတင်ခွင့်ရရှိပြီးသော နိုင်ငံရေးပါတီ ၃၆ ပါတီအား တွေ့ဆုံခြင်းနှင့် မြန်မာအီလက်ထနစ်မဲပေးစက် မိတ်ဆက် သရုပ်ပြလက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

မှတ်ပုံတင်ခွင့်ရရှိပြီးသော နိုင်ငံရေးပါတီ ၃၆ ပါတီအား တွေ့ဆုံခြင်းနှင့် မြန်မာအီလက်ထနစ်မဲပေးစက် မိတ်ဆက် သရုပ်ပြလက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၅

 

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သော ပါတီ ၃၆ ပါတီအားတွေ့ဆုံခြင်းနှင့် မြန်မာအီလက်ထရော နစ်မဲပေးစက် မိတ်ဆက်သရုပ်ပြလက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

ယနေ့ အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေး ပါတီများအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဆိုင်ရာကိစ္စရပ်များ ဆက် လက်ဆောင်ရွက်နိုင်ရန်၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ သိရှိဆောင်ရွက်နိုင်ရန်နှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine ၏ ပုံစံရင်း Prototype ၂ လုံး အသုံးပြု၍ မဲပေးပုံ နည်း စနစ်များကို ရှင်းလင်းပြသ ဆွေးနွေးသွားမည်ဖြစ်သည်။

 

#PeopleMedia


Share this post