မှားယွင်းစွာ ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံထားရတဲ့ နယူးဇီလန်နိုင်ငံသား လျော်ကြေးငွေ ဒေါ်လာ ၃ သန်း ရရှိ

PUBLISHED - August 19, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၉
မကျူးလွန်ခဲ့တဲ့ လူသတ်မှုအတွက် ထောင်ထဲမှာ ၁၈ နှစ်နီးပါး နေထိုင်ခဲ့ရတဲ့ နယူးဇီလန် အမျိုးသားတစ်ဦးဟာ လျော်ကြေးငွေ ဒေါ်လာသန်းပေါင်းများစွာရရှိမှာ ဖြစ်တယ်လို့ နယူးဇီလန်အစိုးရက သြဂုတ်လ ၁၈ ရက်နေ့က ပြောပါတယ်။
အယ်လန်ဟောဆိုတဲ့ နယူးဇီလန်အမျိုးသားတစ်ဦးဟာ အော့ခ်လန်မြို့က နေအိမ်ကျူးကျော်ဝင်ရောက်မှု အတွင်း အမျိုးသားတစ်ဦး ဓားဖြင့်ထိုးသတ်ခံခဲ့ရပြီးနောက် ၁၉၈၆ ခုနှစ်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။
အယ်လန်ဟောကို အခင်းဖြစ်ပွားတဲ့နေရာနဲ့ ဆက်စပ်မှုရှိတဲ့ သက်သေအထောက်အထား တစ်ခုမှ မတွေ့ရဘဲ အပြစ်ရှိကြောင်းတွေ့ရှိရတယ်လို့ဆိုကာ တရားရုံးက သူ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ၁၉၉၄ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိစဉ်က ထားရှိခဲ့တဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တယ်လို့ ဆိုကာ ထောင်ထဲကို ပြန်လည်ပို့ဆောင်ခံခဲ့ရပါတယ်။ နောက်ဆုံး သူဟာ မနှစ်ကမှ တရားသေလွတ်လာတာဖြစ်ပါတယ်။
နယူးဇီလန် တရားရုံးချုပ်က သူ့အမှုကို ပြန်လည်စီစစ်ခဲ့ပြီး ကနဦးရုံးတင်စစ်ဆေးမှုဟာ “အလွန်အသုံးမကြခြင်းနဲ့ အယ်လန်ကို ပြစ်ဒဏ်စီရင်ခံရစေဖို့ တမင်တကာ လုပ်ဆောင်ခဲ့တဲ့အတွက်” တရားမျှတမှုမရှိကြောင်း ဝန်ခံခဲ့ပါ တယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နယူးဇီလန်ဒေါ်လာ ၄.၉ သန်း ( အမေရိကန်ဒေါ်လာ ၃ သန်း) လျော်ကြေငွေအဖြစ် ကမ်းလှမ်းခဲ့ပြီး အယ်လန်ကလည်း ကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်လို့ တရားရေးဝန်ကြီး ဒီဘော့ရှ် ရပ်ဆဲလ်က ပြောပါတယ်။
နယူဇီလန်အစိုးရက မှားယွင်းတဲ့ ပြစ်ဒဏ်ချမှတ်မှုအတွက် တောင်းပန်ပါတယ်လို့ ရပ်ဆဲလ်က ပြောကြားခဲ့ပြီး “တောင်းပန်မှုနဲ့ လျော်ကြေးက သူ ခံစားနေရတဲ့ မတရားမှုကို လုံးဝ ကုစားလို့ မရဘူးဆိုတာ ငါ အသိအမှတ် ပြုပါတယ်” လို့ ရပ်ဆဲလ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဒေသခံမီဒီယာ ကြေငြာချက်တစ်ခုမှာလည်း အယ်လန်ဟော ရဲ့ မိသားစုက သူမှာအပြစ်မရှိကြောင်း ပြသနိုင်ခဲ့ တဲ့အတွက် စိတ်သက်သာရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အယ်လန် အဖမ်းခံရစဉ်က ၂၄ နှစ်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူဟာ ၆၁ နှစ်ရှိပြီဖြစ်ပါတယ်။
ref; ndtv
#PeopleMedia