မှော်ဘီမြို့တွင် ဆွမ်းခံကြွလာသည့် ဆရာတော်တစ်ပါး ကားလမ်းကူးရာမှ ယာဉ်တိုက်ခံရ၍ ပျံလွန်တော်မူ
PUBLISHED - January 12, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့၊ ရန်ကုန်-ပြည်လမ်းမကြီး စုပေါင်းရုံးကွေ့ မိုင်တိုင် ၃၂/၀ အနီး တွင် ဆွမ်းခံကြွလာသည့် ဆရာတော်တစ်ပါး ကားလမ်းကူးရာမှ ယာဉ်တိုက်ခံရ၍ ပျံလွန်တော်မူသွားကြောင်း သိရသည်။
ဇန်နဝါရီ ၁၁ ရက် နံနက် (၅) နာရီခန့်တွင် ရန်ကုန်-ပြည်လမ်းမကြီး စုပေါင်းရုံးကွေ့ မိုင်တိုင် ၃၂/၀ အနီးတွင် ယာဉ်တိုက်ခံရကြောင်း မှော်ဘီမြို့ မြို့မလူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
ထိုယာဉ်တိုက်ခံရသည့် ဆရာတော်မှာ ယာဉ်တိုက်ခံရမူကြောင့် ဦးခေါင်းကျွေမွသွားပြီး အခင်းနေရာတွင် ပျံလွန်တော်မူသွားကြောင်း၊ ရုပ်အလောင်းကို မှော်ဘီဆေးရုံရင်ခွဲတိုက်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
Photo – မြို့မလူမှုကူညီရေးအသင်း
#PeopleMedia