မှော်ဘီမြို့နယ်တွင် တွဲကားနှင့် ဆိုင်ကယ်တိုက်မိပြီး လူတစ်ဦး သေဆုံး
PUBLISHED - December 4, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ အောက်ချိုင်းမှတ်တိုင်နှင့် TU မှတ်တိုင်ကြားတွင် ယမန်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်က တွဲကားနှင့် ဆိုင်ကယ် တိုက်မိပြီး လူတစ်ဦး သေဆုံးသွားကြောင်း မြို့မလူမှုကူညီရေးအသင်း(မှော်ဘီမြို့)မှ သိရသည်။
တွဲကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်ပေါ်မှ လူနှစ်ဦး ထိခိုက်ပြင်းထန်သည်ဟု အကြောင်းကြားလာ၍ အသင်းမှ အရေးပေါ် သွားရောက်သယ်ယူပြီး မှော်ဘီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ လူနာတစ်ဦးမှာ မှော်ဘီ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပြီး ဒဏ်ရာပြင်းထန် အမျိုးသားတစ်ဦးအား မှော်ဘီဆေးရုံမှတဆင့် ရန်ကုန် ဆေးရုံကြီးသို့ အရေးပေါ်သို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။
#PeopleMedia