• Follow Us on
Latest News

Home မှော်ဘီမြို့နယ်တွင် ဖယ်ရီကားတိမ်းမှောက်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိ

မှော်ဘီမြို့နယ်တွင် ဖယ်ရီကားတိမ်းမှောက်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော် အောက်တိုဘာ ၈

 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ သန္ဓေပင်ကျေးရွာ၊ အသုံးလုံး မှတ်တိုင်အနီးတွင် ယမန်နေ့ ည ၆ နာရီ ၄၉ မိနစ်အချိန်တွင် အထည်ချုပ် စက်ရုံတစ်ခု၏ ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ် လိုက်ပါသူ အမျိုးသမီး ၁ ဦး သေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အထည်ချုပ်စက်ရုံတစ်ရုံမှ ဝန်ထမ်းများ လိုက်ပို့သည့် Hyundai bus ဖယ်ရီကားသည် မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ သန္ဓေပင်ကျေးရွာ၊ အသုံးလုံး မှတ်တိုင်အနီးတွင် ယာဉ်မတော်တဖြစ်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသမီး ၁ ဦး သေဆုံးပြီး လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မေတ္တာမြိုင်လူမူအသင်းကား၊ စေတနာ မွန်လူမူရေးအသင်းကား၊ မြို့မလူမူရေးအသင်းကား၊ မြင့်မြတ်လူမူရေးအသင်းကားနှင့် မဇ္ဇိုမလှိုင်းလူမူရေး အသင်း ကားများဖြင့် မှောဘီမြိုနယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post