• Follow Us on
Latest News

Home မှော်ဘီမြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်

မှော်ဘီမြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၅

 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့အနီးတဝိုက်တွင် ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်က အင်အားရစ်(ခ်) တာစကေး (၄.ဝ) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ကမ္ဘာအေးမြေလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၂၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မှော်ဘီမြို့၏ မြောက်-အနောက်မြောက်ဘက် (၅) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၁၉) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၉၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။

 

ထို့နောက် စက်တင်ဘာလ ၂၄ ရက် ညနေ ၅ နာရီ ၄၄ မိနစ်အချိန်တွင် တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၈) မိုင်ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် စက်တင်ဘာ ၂၃ ရက် ည ၈ နာရီ ၅၄ မိနစ်တွင် ပဲခူးမြို့အား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

#PeopleMedia


Share this post