မႏၱေလးျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ‘ေမေမပရဟိတေဖာင္ေဒးရွင္း’ မွ နည္းပညာသင္တန္းမ်ား အခမဲ့ေပးမည္

PUBLISHED - December 16, 2019
မႏၱေလး၊ ဒီဇင္ဘာ ၁၆
ေမေမပရဟိတေဖာင္ေဒးရွင္း အခမဲ့ပညာဒါနေက်ာင္းမွ လူငယ္မ်ား အလုပ္အကိုင္ အခြင့္အလန္းရရွိေစေရး အတြက္ နည္းပညာသင္တန္းမ်ားကို အခမဲ့ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၉ ရက္ေန႔မွ စတင္၍ ဖြင့္လွစ္သင္ၾကား ေပးမည္ျဖစ္ေၾကာင္း ေမေမပရဟိတေဖာင္ေဒးရွင္း အခမဲ့ပညာဒါနေက်ာင္းတာဝန္ခံ မဝင္းစႏၵာကေျပာသည္။
အဆိုပါေက်ာင္းမွ LCCI level 1,2 ။ HR Management
။ Marketing Management
။ General Management
။ Chinese Speakingႏွင့္ English Language Courses တို႔ကို အခမဲ့ သင္ၾကားေပးသြားမွာျဖစ္ၿပီး တက္ေရာက္ သင္ၾကားလိုသူမ်ားအေနျဖင့္ ေမေမပရဟိတေဖာင္ေဒးရွင္း အခမဲ့ပညာဒါနေက်ာင္းတည္ရွိရာ မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၄၉လမ္း ေအာင္ဆန္းလမ္းေထာင့္တြင္ ဒီဇင္ဘာလ ၁၄ရက္မွ၂၂ရက္ေန႔အထိ လာ ေရာက္ေလွ်ာက္ထားႏိုင္ၿပီး သိရွိလိုသည့္အေၾကာင္းအရာမ်ားကိုလည္း ဖုန္း ၀၉-၄၅၆ ၄၅၆ ၀၀၅ ၊ ၀၉-၇၈၉ ၉၉၇၆၁၄ တို႔ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း သိရသည္။
ယခုဖြင့္လွစ္သည့္ သင္တန္းမ်ားမွ ထူးခြၽန္သူမ်ားကို ပညာမ်ားဆက္သင္ၾကားႏိုင္ရန္ ပညာသင္စရိတ္မ်ား ေထာက္ပံ့ေပးသြားမွာျဖစ္ၿပီး သင္တန္းၿပီးဆုံးသြားပါက အလုပ္အကိုင္အခြင့္အလမ္းမ်ားလည္း ခ်ိတ္ဆက္ ရွာေဖြေပးသြားမည္ျဖစ္ေၾကာင္း ေမေမပရဟိတေဖာင္ေဒးရွင္း အခမဲ့ပညာဒါနေက်ာင္း တာဝန္ခံ မဝင္းစႏၵာက ေျပာသည္။
သင္တန္းသို႔ လာေရာက္ေလွ်ာက္ထားသူ မျမတ္ရတနာေက်ာ္က “ကြၽန္မ အဂၤလိပ္စာအေမနဲ႔ လာတက္မွာ ဆို ေတာ့ ကြၽန္မအေနနဲ႔ ကြၽန္မလုပ္ငန္းခြင္မွာေရာ ကြၽန္မဘဝ တိုးတက္မႈအရေရာ အေထာက္အပံ့ျဖစ္မယ္ထင္လို႔ လာဆက္သြယ္တာပါ”ဟုေျပာသည္။
ေမေမပရဟိတေဖာင္ေဒးရွင္းကို ၂၀၁၅ခုႏွစ္က စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ၎ေဖာင္ေဒးရွင္းအေနျဖင့္ ယခုလို အခမဲ့ ပညာဒါနသင္တန္းသည္ ပထမဆုံး စတင္ဖြင့္လွစ္ႏိုင္ျခင္းျဖစ္သည္။ယခုဖြင့္လွစ္မည့္ သင္တန္း မ်ား ၿပီးစီးသြားပါကလည္း အခမဲ့ ပညာဒါနသင္တန္းမ်ားကို ဆက္လက္ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္းသိရ သည္။
(Unicode)
မန္တလေးပြည်ကြီးတံခွန်မြို့နယ်တွင် ‘မေမေပရဟိတဖောင်ဒေးရှင်း’ မှ နည်းပညာသင်တန်းများ အခမဲ့ပေးမည်
………………………………………………………
မန္တလေး၊ ဒီဇင်ဘာ ၁၆
မေမေပရဟိတဖောင်ဒေးရှင်း အခမဲ့ပညာဒါနကျောင်းမှ လူငယ်များ အလုပ်အကိုင် အခွင့်အလန်းရရှိစေရေး အတွက် နည်းပညာသင်တန်းများကို အခမဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း မေမေပရဟိတဖောင်ဒေးရှင်း အခမဲ့ပညာဒါနကျောင်းတာဝန်ခံ မဝင်းစန္ဒာကပြောသည်။
အဆိုပါကျောင်းမှ LCCI level 1,2 ။ HR Management
။ Marketing Management
။ General Management
။ Chinese Speakingနှင့် English Language Courses တို့ကို အခမဲ့ သင်ကြားပေးသွားမှာဖြစ်ပြီး တက်ရောက် သင်ကြားလိုသူများအနေဖြင့် မေမေပရဟိတဖောင်ဒေးရှင်း အခမဲ့ပညာဒါနကျောင်းတည်ရှိရာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၄၉လမ်း အောင်ဆန်းလမ်းထောင့်တွင် ဒီဇင်ဘာလ ၁၄ရက်မှ၂၂ရက်နေ့အထိ လာ ရောက်လျှောက်ထားနိုင်ပြီး သိရှိလိုသည့်အကြောင်းအရာများကိုလည်း ဖုန်း ၀၉-၄၅၆ ၄၅၆ ၀၀၅ ၊ ၀၉-၇၈၉ ၉၉၇၆၁၄ တို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ယခုဖွင့်လှစ်သည့် သင်တန်းများမှ ထူးချွန်သူများကို ပညာများဆက်သင်ကြားနိုင်ရန် ပညာသင်စရိတ်များ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး သင်တန်းပြီးဆုံးသွားပါက အလုပ်အကိုင်အခွင့်အလမ်းများလည်း ချိတ်ဆက် ရှာဖွေပေးသွားမည်ဖြစ်ကြောင်း မေမေပရဟိတဖောင်ဒေးရှင်း အခမဲ့ပညာဒါနကျောင်း တာဝန်ခံ မဝင်းစန္ဒာက ပြောသည်။
သင်တန်းသို့ လာရောက်လျှောက်ထားသူ မမြတ်ရတနာကျော်က “ကျွန်မ အင်္ဂလိပ်စာအမေနဲ့ လာတက်မှာ ဆို တော့ ကျွန်မအနေနဲ့ ကျွန်မလုပ်ငန်းခွင်မှာရော ကျွန်မဘဝ တိုးတက်မှုအရရော အထောက်အပံ့ဖြစ်မယ်ထင်လို့ လာဆက်သွယ်တာပါ”ဟုပြောသည်။
မေမေပရဟိတဖောင်ဒေးရှင်းကို ၂၀၁၅ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းဖောင်ဒေးရှင်းအနေဖြင့် ယခုလို အခမဲ့ ပညာဒါနသင်တန်းသည် ပထမဆုံး စတင်ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။ယခုဖွင့်လှစ်မည့် သင်တန်း များ ပြီးစီးသွားပါကလည်း အခမဲ့ ပညာဒါနသင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
#PeopleMedia