မန္တလေးမြို့၌ တရားမဝင် ကျောက်မျက်ရောင်းဝယ်ရေးပြုလုပ်နေသည့် နေရာနှစ်ခုကို ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား လူဦးရေ ၄၀၀ ခန့် ဖမ်းဆီးခံရ
PUBLISHED - December 20, 2021
မန္တလေး၊ဒီဇင်ဘာ-၂၀(PeopleMedia)
မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်နှင့်အောင်မြေသာစံမြို့နယ်များ၌ တရားမဝင် ကျောင်မျက်ရောင်းဝယ်ရေး ဆောင်ရွက်နေသည့် နှစ်နေရာကို သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသားနှင့်မြန်မာနိုင်ငံသား လူဦးရေ ၄၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
တရားမဝင်ကျောက်မျက်ရောင်းဝယ်နေသည့် နေရာများဖြစ်သော မဟာအောင်မြေမြို့နယ် ၈၄ လမ်းနှင့်၄၃လမ်းရှိ Fine Family အဆောက်အဦးကို ယနေ့ မွန်းလွဲပိုင်းအချိန်၌ သက်ဆိုင်ရာက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။
အလားတူ အောင်မြေသာစံမြို့နယ် ၊ပြည်ကြီးရန်လုံရပ်ကွက်၊၈၇လမ်းနှင့်၁၅လမ်းရှိ ကျောက်မျက်တရားမဝင်ရောင်းဝယ်ရေးဆောင်ရွက်နေသည့် ကိုယ်ပိုင်အထက်တန်းကျောင်းကို သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့အရာ အဆိုပါ နှစ်နေရာ၌ တရားမဝင် ကျောက်အရောင်းအဝယ်ပြုလုပ်သူ တရုတ်နိုင်ငံသားများနှင့်မြန်မာနိုင်ငံသား ၄၀၀ခန့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများ၌ တရုတ်နိုင်ငံသားများ အများဆုံးဖြစ်ပြီး အဆိုပါ ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာက တရားဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်သလို လ-ဝ-က ဥပဒေနှင့်ညီညွှတ်ခြင်း ရှိ/မရှိ စစ်ဆေးနေကြောင်း သိရသည်။
#PeopleMedia #မန္တလေးကျောက်ဝိုင်း
(Unicode)
မန်တလေး၊ဒီဇငျဘာ-၂၀(PeopleMedia)
#PeopleMedia #မန်တလေးကြောကျဝိုငျး